အီတလီစီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်
Photo: Roma Twitter
Photo: Roma Twitter
Published 18 October 2020

ဘိုလော့ဂ်နာ - ဆာဆူအိုလို (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)

အိမ်ကွင်းဆိုရင် ဘိုလော့ဂ်နာရဲ့ကစားပုံ ပိုကောင်းတတ် ပါတယ်။ ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ ပါးမားကို ဂိုးပြတ်အနိုင်ရထား ပြီး အိမ်ကွင်းမာဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားဆဲပဲ။ ဒါပေ မဲ့ အခုကစားရမယ့် ဆာဆူအိုလိုက ရာသီအစမှာ အမြင့်ပျံနေ ပြီး (၃)ပွဲကစား (၇)မှတ်ရထားပါတယ်။ တိုက်စစ်တွဲလုံးတွေ ကောင်းမွန်ပြီး ဂိုးသွင်းနိုင်တဲ့ကစားသမားတွေလည်း များတယ်။ ဘိုလော့ဂ်နာ အမှတ်လျော့ပါလိမ့်မယ်။

စပီဇီယာ - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)

ခီယေဆာ အသင်းပြောင်းသွားပေမယ့် ဖီအိုရင်တီးနား မှာ တောင်ပံကစားသမားကောင်းတွေရှိနေပါတယ်။ ကူယာမီနဲ့  ဗလာဟိုဗစ်တို့ရဲ့ တိုက်စစ်တွဲလုံးတွေကောင်းမွန်သလို၊ ရီဘာရီ ကလည်း အားကိုးနေရဆဲပါပဲ။ စပီဇီယာက ကစားပုံစနစ်ကျပေ မဲ့ ဂိုးသွင်းမယ့်သူမရှိဘူး။ ဖီအိုရင်တီးနား နိုင်သင့်ပါတယ်။ 

တိုရီနို - ကာဂလီယာရီ (တနင်္ဂနွေည ရး၃၀ နာရီ)

ဆီမြွန်နီ၊ အူနက်စ်၊ ဂိုဒင်၊ မာကိုရော့ဂ်စတဲ့ကစားသမား သစ်တွေနဲ့ အသားကျမယ့်အချိန်ဆိုရင် ကာဂလီယာရီ ပိုပြီး ထက်မြက်လာပါလိမ့်မယ်။ လက်ရှိအချိန်မှာ တိုရီနိုက ပိုတည် ငြိမ်ပြီး စနစ်ကျပါတယ်။ ဘယ်လော့တီလည်း ဂိုးပေါက်တွေ့နေ လို့ (၂-၁)လောက်နဲ့ တိုရီနို နိုင်မယ်ထင်တယ်။  

အူဒီးနီးစ် - ပါးမား (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

နှစ်သင်းစလုံးကစားသမားကောင်းတချို့ အားဖြည့်ထား ပေမဲ့ ပုံစံကောင်းမပြနိုင်သေးဘူး။ ပါးမားက နောက်ဆုံးပွဲမှာ အနိုင်ရခဲ့ပေမဲ့ အူဒီးနီးစ်က ရှုံးပွဲဆက်နေဆဲပဲ။ ဒီပွဲမှာတော့ အူဒီး နီးစ် အမှတ်ရအောင် ယူပါလိမ့်မယ်။ 

ရိုးမား - ဘင်နီဗန်တို (တနင်္လာနံနက် ၁း၁၅ နာရီ)

ရိုးမားရဲ့ခြေစွမ်းကလည်း ယုံစားလို့မရသေးဘူး။ နည်းပြ ဖိလစ်ပိုအင်ဇာဂီရဲ့ ဘင်နီဗန်တိုက တန်းတက်အသင်းဆိုပေမဲ့ မထင်မှတ်ထားတာတွေ လုပ်ပြနေပြီး ဆမ်ဒိုးရီးယား၊ ဘိုလော့ဂ် နာတို့လို အသင်းတွေကို အနိုင်ကစားထားတယ်။ စီးရီးအေ အထာကျွမ်းကျင်တဲ့ကစားသမားတွေလည်း ဘင်နီဗန်တိုမှာ ရှိ နေလို့ ရိုးမားကိုလည်း ဒုက္ခပေးနိုင်မယ်ထင်တယ်။ ရိုးမား (၂) ဂိုးပြတ်နိုင်ဖို့ ခက်ပါတယ်။ 

Most Read

Most Recent