မန်ယူအသင်း ရလဒ်များဆိုးရွားနေခြင်းအတွက် မိမိတွင်သာ တာဝန်ရှိကြောင်း ဆိုးလ်ရှား ပြောကြား

မန်ယူအသင်း ရလဒ်များဆိုးရွားနေခြင်းအတွက် မိမိတွင်သာ တာဝန်ရှိကြောင်း ဆိုးလ်ရှား ပြောကြား
Photo: Getty Images
Photo: Getty Images
Published 17 October 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယခုရာသီတွင် မန်ယူအသင်း ရလဒ်များဆိုးရွားနေခြင်းအတွက် မိမိတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲကစားပြီးချိန်တွင် (၁)ပွဲနိုင်၊ (၂)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၃)မှတ်သာ ရရှိထားကာ စပါးအသင်းကို အိမ်ကွင်းတွင် (၁-၆)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ 

ယင်းအတွက် မန်ယူကစားသမားများအပါအဝင် တစ်သင်းလုံး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဆိုးလ်ရှားမှာ အဓိကဝေဖန်ခံရသူဖြစ်ကာ မန်ယူအသင်းအနေဖြင့် ၎င်းနေရာတွင် စပါးနည်းပြဟောင်း ပိုချက်တီနိုဖြင့် အစားထိုးရန်ပင် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

မန်ယူအသင်း ရလဒ်များ ဆိုးရွားခြင်းနှင့်ပတ်သက်ပြီး ၎င်းအပေါ် ဝေဖန်မှုများကို လက်ခံကြောင်းနှင့် မိမိတွင်သာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆိုးလ်ရှားက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ရှားက "မန်ယူအသင်း ရလဒ်ဆိုးရွားမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အဓိကထားပြီး ဝေဖန်ကြတာ ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီအသင်းရဲ့ နည်းပြဖြစ်ပြီး တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်နေလို့ပါပဲ။ အဲဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ ကျွန်တော်တို့အနေနဲ့ အရှုံးရလဒ်တွေကနေ ဖောက်ထွက်နိုင်ဖို့ ကြိုးစားရမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ရှိနေဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၁:၃၀ နာရီ)တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၅)အဖြစ် နယူးကာဆယ်အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent