ရာမို့စ်ကို ခေါ်ယူရန် PSG နှင့် ဂျူဗင်တပ်စ် စိတ်ဝင်စား

ရာမို့စ်ကို ခေါ်ယူရန် PSG နှင့် ဂျူဗင်တပ်စ် စိတ်ဝင်စား
Published 15 October 2020

ဥရောပထိပ်သီးကလပ်များဖြစ်သည့် PSG နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ရီးယဲလ်အသင်းမှ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ ရာမို့စ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၁ ခု နှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG နှင့် ဂျူဗင်တပ်စ်တို့က ၎င်းင်း၏အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။ 

ရာမို့စ်သည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုကြောင်း ပြောကြားထားသော်လည်း ရီးယဲလ်အသင်းဘက်က လက်ရှိအချိန်အထိ ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။ 

ထို့ကြောင့် PSG နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ရာမို့စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ 

စပိန်အားကစားရုပ်သံ El Chiringuito ၏ ထုတ်လွှင့်မှုအရ PSG နှင့် ဂျူဗင်တပ်စ်အသင်းတို့သည် ရာမို့စ်ကို ကမ်းလှမ်းမှုများပင် ပြုလုပ်ထားကြောင်း သိရှိရသည်။ 

Most Read

Most Recent