စီးရီးအေ၌ လစာအများဆုံးရသည့် အီတလီကစားသမားအဖြစ် ဘိုနူချီ ရပ်တည်

စီးရီးအေ၌ လစာအများဆုံးရသည့် အီတလီကစားသမားအဖြစ် ဘိုနူချီ ရပ်တည်
Published 12 October 2020

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဘိုနူချီသည် စီးရီးအေပြိုင်ပွဲ၌ လစာအများဆုံးရရှိသည့် အီတလီကစားသမားအဖြစ် ရပ်တည်နေသည်။

Gazzetta dello Sport ၏ဖော်ပြချက်အရ ဘိုနူချီသည် တစ်နှစ်လျှင်အသားတင်လစာငွေ ယူရို (၆ .၅)သန်းရရှိနေပြီး အေစီမီလန်အသင်းဂိုးသမား ဒွန်နာရမ်မာကိုကျော်၍ စီးရီးအေပြိုင်ပွဲ၌ လစာအများဆုံး အီတလီကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

အေစီမီလန်အသင်းဂိုးသမား ဒွန်နာရမ် မာသည် တစ်နှစ်လျှင်အသားတင်လစာငွေ ယူရို (၆)သန်းဝန်းကျင် ရရှိနေပြီး အေစီမီလန်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီးပါက ယခုထက်ပိုမိုရဖွယ်ရှိနေသည်။

ယင်းနောက်တွင် ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာသည့် အီတလီတောင်ပံကစားသမား ခီယေဆာက  တစ်နှစ်လျှင် အသားတင်လစာငွေ ယူရို (၅)သန်းဖြင့် တတိယ၊ နာပိုလီအသင်းမှ အီတလီတိုက်စစ်ကစားသမား အင်ဆစ်ဂ်နီနှင့် လာဇီယိုအသင်းမှ အီတလီ တိုက်စစ်မှူး အီမိုဘီလီတို့က တစ်နှစ်လျှင် အ သားတင်လစာငွေ ယူရို (၄ .၆)သန်းဖြင့် စတုတ္ထ နှင့် ဂျူဗင်တပ်စ်အသင်းမှ အီတလီတောင်ပံကစားသမား ဘာနာဒက်ခီက တစ်နှစ်လျှင် အသားတင်လစာငွေ ယူရို (၄)သန်းဖြင့် ပဥ္စမနေရာတို့တွင် ရပ်တည်နေသည်။

■ စီးရီးအေ၏ လစာအများဆုံးကစားသမားများ

အမည်        အသင်း        တစ်နှစ်လစာ

စီရော်နယ်လ်ဒို    ဂျူဗင်တပ်စ်    ယူရို (၃၁) သန်း

ဒီလစ်        ဂျူဗင်တပ်စ်    ယူရို (၈) သန်း

လူကာကူ        အင်တာမီလန်    ယူရို (၇ .၅) သန်း

အဲရစ်ဆင်        အင်တာမီလန်    ယူရို (၇ .၅) သန်း

ဂျက်ကို        ရိုးမား        ယူရို (၇ .၅) သန်း

ဒီဘားလား        ဂျူဗင်တပ်စ်    ယူရို (၇ .၃) သန်း

အီဘရာဟီမိုဗစ်    အေစီမီလန်    ယူရို (၇) သန်း

ရမ်ဆေး        ဂျူဗင်တပ်စ်    ယူရို (၇) သန်း

 

Most Read

Most Recent