ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် သီယာဂို ရောဂါပျောက်ကင်းသက်သာပြီး လီဗာပူးလ်မြို့တွင် သွားလာနေသည့်ပုံကို သူ၏ Twitter တွင် ဖော်ပြခဲ့

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် သီယာဂို ရောဂါပျောက်ကင်းသက်သာပြီး လီဗာပူးလ်မြို့တွင် သွားလာနေသည့်ပုံကို သူ၏ Twitter တွင် ဖော်ပြခဲ့
Photos : Thiago Twitter
Photos : Thiago Twitter
Published 12 October 2020

 ပြီးခဲ့သည့်ရက်သတ္တပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သီးခြားနေထိုင်ခဲ့ရသော လီဗာပူးလ်ကွင်းလယ်လူ သီယာဂို (၂၉ နှစ်)သည် ယခုအခါ ရောဂါပျောက်ကင်းသက်သာပြီး လီဗာပူးလ်မြို့အတွင်းတွင် သွားလာလှုပ်ရှားနေကြောင်း သိရှိရ သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၈) ရက်နေ့က ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့လာသော စပိန်လက်ရွေးစင်ကွင်းလယ်လူ သီယာဂိုသည် အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်သော ချယ်လ်ဆီး (၀-၂) လီဗာပူးလ်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

စက်တင်ဘာလ (၂၉)ရက်နေ့တွင် သီယာဂို၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိကြောင်း လီဗာပူးလ်အသင်းက ကြေညာချက်ထုတ် ပြန်ခဲ့ပြီး ၎င်းအား တစ်ဦးတည်းသီးခြားထားရှိခဲ့သည်။

ယခုအခါ သီယာဂိုသည် ရောဂါပျောက်ကင်းသက်သာပြီး စိုးရိမ်စရာမရှိတော့ကြောင်း သိရှိရသည်။

၎င်းက သူ၏ Twitter စာမျက်နှာတွင် လီဗာပူးလ်မြို့အတွင်း တစ်ဦးတည်း လမ်းလျှောက်သွားလာနေသည့်ပုံကို ဖော်ပြခဲ့သည်။

ဗြိတိန်တွင် ထပ်မံထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်ညွှန်ကြားချက်များအရ ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးသည် ရောဂါပျောက်ကင်းသက်သာခဲ့ပါက သီးခြားနေထိုင်မှု (၁၀)ရက်ပြည့်လျှင် ပြင်ပသို့ ပြန်လည်သွားလာခွင့်ရှိကြောင်း သိရှိရသည်။

 

Most Read

Most Recent