အီဖယ်လ်ဂရင်းပရီပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့သည့် ဟာမီလ်တန် ရှူးမေကာ၏နိုင်ပွဲစံချိန်ကို လိုက်မီ

အီဖယ်လ်ဂရင်းပရီပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့သည့် ဟာမီလ်တန် ရှူးမေကာ၏နိုင်ပွဲစံချိန်ကို လိုက်မီ
Published 12 October 2020

ဗြိတိန်နာမည်ကြီးဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်သည် အောက်တိုဘာလ(၁၁)ရက်ကကျင်းပခဲ့သည့် အီဖယ်လ်ဂရင်းပရီ ပြိုင်ပွဲတွင် အနိုင်ရပြီးနောက် ဂန္ထဝင်ကားမောင်းသမား မိုက်ကယ်ရှူးမေကာတင်ရှိထားသည့် ဖော်မြူလာဝမ်း နိုင်ပွဲအများဆုံး (၉၁)ပွဲစံချိန်ကို လိုက် မီခဲ့သည်။

မိုက်ကယ်ရှူးမေကာ၏သားဖြစ်သူ ဖော်မြူလာ-၂ ကားမောင်းသမား မစ်ရှူးမေကာက သူ့ဖခင်ဆောင်းခဲ့သည့် အနီရောင် Helmet ကို ဟာမီလ်တန်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

''ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ လုံးဝမတွေးထားခဲ့ပါဘူး။ မယုံကြည်နိုင်စရာကောင်းတဲ့ ဂုဏ်ယူဖွယ်ရာတစ်ခုပါပဲ''ဟု ဟာမီလ်တန်က ပြောကြားခဲ့သည်။

ဟာမီလ်တန်သည် ယခုရာသီ (၁၁)ပွဲတွင် (၇)ပွဲမြောက် အနိုင်ရခဲ့ပြီး ရက်ဘူးလ်ကားမောင်းသမား ဗာစတက်ပန်က ဒုတိယနှင့် ရေးနော့တ်အသင်းမှ ရစ်ချာဒိုက တတိယရရှိခဲ့သည်။

■ကမ္ဘာ့ချန်ပီယံရပ်တည်မှု

     အမည်            ရမှတ်ပေါင်း

ဟာမီလ်တန်(မာစီဒီးစ်)        ၂၃၀ မှတ်

ဘိုတက်စ်(မာစီဒီးစ်)            ၁၆၁ မှတ်

ဗာစတက်ပန်(ရက်ဘူးလ်)        ၁၄၇ မှတ်

ရစ်ချာဒို(ရေးနော့တ်)            ၇၈ မှတ်

ဆာဂျီယိုပီရက်ဇ(Racing Point)        ၆၈ မှတ်

နော်ရစ်(မက္ကလာရင်)            ၆၅ မှတ်

အယ်လ်ဘွန်(ရက်ဘူးလ်)        ၆၄ မှတ်

 

 

Most Read

Most Recent