စပိန်ကလပ်များ၏ ဥရောပပွဲများတွင်ယခုနှစ်ကုန်အထိ ပရိသတ်များ ကြည့်ရှုခွင့်မပြုရန် အစိုးရ ဆုံးဖြတ်

စပိန်ကလပ်များ၏ ဥရောပပွဲများတွင်ယခုနှစ်ကုန်အထိ ပရိသတ်များ ကြည့်ရှုခွင့်မပြုရန် အစိုးရ ဆုံးဖြတ်
Photo: Getty Images
Photo: Getty Images
Published 10 October 2020

စပိန်ကလပ်အသင်းများ ယှဉ်ပြိုင်ရမည့် ဥရောပပြိုင်ပွဲများတွင် ယခုနှစ်ကုန်အထိ ပရိ သတ်များ ကြည့်ရှုခွင့်မပြုရန် စပိန်အစိုးရက  ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဥရောပကလပ်ပြိုင်ပွဲများတွင် ကွင်းဝင်ဆံ့ သည့်ပမာဏ၏ ရာခိုင်နှုန်း (၃၀) ကို ဝင်ရောက် ကြည့်ရှုခွင့်ပြုရန် ကြေညာထားသည်။ 

သို့ သော် စပိန်အစိုးရက အားကစားကွင်းများတွင် ပရိသတ်များကြည့်ရှုခွင့်အား ယခုနှစ်ကုန် အထိ ပိတ်ပင်ထားခြင်းကို ပြောင်းလဲမည် မဟုတ်ကြောင်း UEFA ထံ အကြောင်းကြား ခြင်းဖြစ်သည်။ 

ထို့ပြင် ဂျာမနီနိုင်ငံ မြူးနစ်မြို့ အာဏာပိုင်များကလည်း ပရိသတ်ကြည့်ရှုခွင့် တားမြစ်ခြင်းကို အောက်တိုဘာ (၂၅) ရက် အထိ တိုးမြှင့်ခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်-အက်သလက်တီကို ချန်ပီယံလိဂ်အုပ်စုအဖွင့် ပွဲကို ပရိသတ်မပါဘဲ ကျင်းပရမည်ဖြစ်သည်။

လက်ရှိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲအချို့၏ ပွဲစဉ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိနေသည့်ကြားမှာ ပရိသတ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ပြုထားကြောင်းသိရသည်။

Most Read

Most Recent