အက်ဒရီယန်သည် စိတ်ချယုံကြည်ရသည့် ဂိုးသမား မဟုတ်ဟု ဂျွန်ဘန်းစ် ပြောကြား

အက်ဒရီယန်သည် စိတ်ချယုံကြည်ရသည့် ဂိုးသမား မဟုတ်ဟု ဂျွန်ဘန်းစ် ပြောကြား
Photos: Getty Images & PA
Photos: Getty Images & PA
Published 9 October 2020

လီဗာပူးလ်ဂန္ထဝင် ဂျွန်ဘန်းစ်က အက်ဒရီယန်မှာ စိတ်ချယုံကြည်ရသည့်ဂိုးသမား မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်း၏ ပထမဦးစားပေးဂိုးသမား အယ်လစ်ဆန်မှာ ဒဏ်ရာကြောင့် (၆)ပတ်ခန့် အနားယူရမည်ဖြစ်ရာ နည်းပြ ကလော့ပ်အနေဖြင့် အက်ဒရီယန်ကို ပွဲထွက်အဖြစ်အသုံးပြုနေခြင်းဖြစ်သည်။ 

သို့သော် အက်ဒရီယန်သည် ဗီလာနှင့်ကစားခဲ့သည့်ပွဲတွင် မမှားသင့်သည့်အမှားများကို ကျူးလွန်ခဲ့ပြီး လီဗာပူးလ်အသင်းမှာ ဗီလာအသင်းကို (၂-၇)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ 

ထို့ကြောင့် အယ်လီဆန်၏နေရာတွင် အက်ဒရီယန်ကို ဆက်လက်အသုံးပြုရန်မှာ အလွန်အန္တရာယ်များကြောင်း ဂျွန်ဘန်းစ်က သုံးသပ်ခဲ့ခြင်းသည်။ 

ဂျွန်ဘန်းစ်က "လီဗာပူးလ်ရဲ့ ဒုတိယဦးစားပေးဂိုးသမား အကြောင်းကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက အက်ဒရီယန် ရောက်လာတာကြောင့် အတော်လေး အားရစရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အနေနဲ့ အခုအချိန်မှာ ဒုတိယဂိုးသမားနေရာအတွက် စဉ်းစားသင့်ပါပြီ။ အက်ဒရီယန်ဟာ အယ်လစ်ဆန် ဒဏ်ရာကြောင့် အနားယူနေရချိန်တွေမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်မှုတွေကို ကြည့်မယ်ဆိုရင် သူဟာ စိတ်ချယုံကြည်ရတဲ့ ဂိုးသမား မဟုတ်တာ ထင်ရှားပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂျွန်ဘန်းစ်က အယ်လစ်ဆန်မှာ လီဗာပူးလ်အသင်းအတွက် ဗန်ဒိုက်ကဲ့သို့ အရေးကြီးသူဖြစ်ပြီး အက်ဒရီယန်မှာ ယင်းကဲ့သို့အလုပ်မျိုးကို လုပ်နိုင်သူမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

"ဗီလာကို (၂-၇)ဂိုးနဲ့ ရှုံးတဲ့ပွဲက အက်ဒရီယန်ရဲ့ ယုံကြည်မှုကို ထိခိုက်စေသလို၊ ကစားသမားတွေအနေနဲ့လည်း သူ့ကို ယုံကြည်မှု ကျဆင်းသွားနိုင်ပါတယ်။ အက်ဒရီယန်မှာ အသင်းနိုင်ပွဲအတွက် ကူညီပေးနိုင်မယ့်သူမဟုတ်ဘူးလို့ ကစားသမားတွေ ထင်သွားနိုင်ပါတယ်။ လီဗာပူးလ်အနေနဲ့ အယ်လစ်ဆန်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဒါကြောင့်ပါပဲ"ဟု ဂျွန်ဘန်းစ်က ဆိုခဲ့သည်။ 

Most Read

Most Recent