COVID-19 ကြောင့် Stay at Home ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စားသုံးသူများအတွက် ဆန်အိတ်ရေတစ်သိန်းကျော် ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အိတ်ရေ ၆၁၀၀၀ ကျော်ဖြင့် အများဆုံးရောင်းချ

COVID-19 ကြောင့် Stay at Home ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စားသုံးသူများအတွက် ဆန်အိတ်ရေတစ်သိန်းကျော် ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်အိတ်ရေ ၆၁၀၀၀ ကျော်ဖြင့် အများဆုံးရောင်းချ
Published 6 October 2020

COVID-19 ကြောင့် Stay at Home အစီအစဉ်ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စားသုံးသူများအတွက် ဆန်အိတ်ရေတစ်သိန်းကျော် ရောင်းချပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ အိတ်ရေ ၆၁၀၀၀ ကျော်ဖြင့် အများဆုံးရောင်းချပေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆန်ရောင်းချပေးမှုအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၁၃၀၇ အိတ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၁၅၂၀ အိတ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၂၇၃ အိတ်၊ နေပြည်တော်တွင် အိတ်ရေ ၇၇၀၀၊ မွန်ပြည်နယ်တွင် အိတ်ရေ ၄၄၀၀၊ ချင်းပြည်နယ်တွင်အိတ်ရေ ၂၀၀၀၊ ကယားပြည်နယ်တွင်အိတ်ရေ ၂၀၀၀၊ ပဲခူးတိုင်းဒေသကြီးတွင် အိတ်ရေ ၁၃၀၀၊ မကွေးတိုင်းဒေသကြီးတွင် အိတ်ရေ ၈၀၀၊ ဧရာဝတီတိုင်းဒေသကြီးတွင် အိတ်ရေ ၇၀၀ နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အိတ်ရေ ၁၀၀ ဖြင့် စုစုပေါင်းဆန်အိတ်ရေ ၁၀၀၁၀၀  ရောင်းချပေးထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရရှိသောစာရင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီဆိုင်များအနေဖြင့် Stay at Home ကာလအတွင်း စားသုံးသူများသို့ တစ်ပြည်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချနိုင်သော ဧည့်မထ ၂၅ မှတ်ဆန်များ ဝယ်ယူလိုပါက ဆိုင်အရောက်စျေးနှုန်းဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်၊ ရပ်ကွက်အသီးသီးတွင် ရောင်းချသော လက်လီဆိုင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါကြောင့် Stay at Home အဖြစ် သတ်မှတ်ထားသောကာလအတွင်း စားသုံးသူပြည်သူများထံသို့ ဆန်တစ်ပြည်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချနိုင်သော ဧည့်မထ ၂၅ မှတ်ဆန် (Polish Sotexed) ဆန်များကို ဝယ်ယူလိုပါက ဆန်တစ်အိတ်လျှင် ကျပ် ၂၃၂၀၀ ဆိုင် အရောက်ပို့စျေးနှုန်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်လီဆိုင်များအနေဖြင့် တစ်ဆိုင်လျှင် ဆန်အိတ် ၁၀ အိတ်မှ အိတ်ရေ  ၅၀ အထိ ဝယ်ယူနိုင်ပြီး အခြားအမျိုးအစားများ ဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ရက် ၉၀ ဆန်များလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

Most Read

Most Recent