အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားများ ဗြိတိန်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းကို ထပ်မံချိုးဖောက်ပြန်

အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားများ ဗြိတိန်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းကို ထပ်မံချိုးဖောက်ပြန်
Photo: Getty Images
Photo: Getty Images
Published 6 October 2020

အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဗြိတိန်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းကို ထပ်မံချိုးဖောက်ခဲ့ပြန်ကြောင်း သိရှိရသည်။

ဗြိတိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန် ထိန်းချုပ်မှုများအား တဖြည်းဖြည်း ဖြေလျှော့ပေးလျက်ရှိသော်လည်း ယခုအချိန်အထိ (၆)ဦးထက်ပိုပြီး လူမစုရသည့်အမိန့်မှာ ရှိနေဆဲဖြစ်သည်။

သို့ရာတွင် အင်္ဂလန်အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမားများဖြစ်သည့် တမ်မီအေဘရာဟမ်၊ ဂျေဒန်ဆန်ချိုနှင့် ဘင်ချီဝဲလ်တို့သည် အေဘရာဟမ်၏ (၂၃)နှစ်ပြည့်မွေးနေ့တွင် လူ (၂၀) ဝန်းကျင်ပါဝင်သည့် ပါတီပွဲကို ဆင်နွဲှခဲ့ကြခြင်းဖြစ်သည်။

ယင်းကစားသမား (၃)ဦးစလုံးသည် အင်္ဂလန်အသင်းအတွက် ရွေးချယ်ထားသည့် ကစားသမားစာရင်းတွင် ပါဝင်ကြသူများဖြစ်ပြီး မကြာမီအသင်းနှင့် ပူးပေါင်းတော့မည်ဖြစ်သည်။

FA ကမူ ယခုအဆင့်တွင် မည်သည့်အရေးယူမှုကိုမှ ပြုလုပ်ဦးမည်မဟုတ်ဟုဆိုခဲ့ပြီး အင်္ဂလန်အသင်း လေ့ကျင့်ရေးကွင်းသို့ ပူးပေါင်းချိန် မတိုင်မီ ကစားသမားတိုင်း ဗိုင်းရပ်စ်စစ်ဆေးမှုကို ပြုလုပ်ရဦးမည်ဟုလည်း ဆိုခဲ့သည်။

အင်္ဂလန်အသင်း၏ လူငယ်ကစားသမားများသည် စည်းကမ်းချိုးဖောက်မှုများ အကြိမ်ကြိမ်ပြုလုပ်သဖြင့် ဝေဖန်မှုများကိုခံနေရပြီး၊ မကြာသေးမီကလည်း လူငယ်ကစားသမားနှစ်ဦးဖြစ်သည့် ဂရင်းဝုဒ်နှင့် ဖိုဒန်တို့သည် FA ၏ အရေးယူမှုကိုခံခဲ့ရသည်။

Most Read

Most Recent