ဂျူဗင်တပ်စ်နှင့်ပွဲကို ယှဉ်ပြိုင်ကစားရန် ပျက်ကွယ်ခဲ့သည့် နာပိုလီအသင်း (၀-၃)ဂိုးဖြင့် အရှုံးပေးရဖွယ်ရှိ

ဂျူဗင်တပ်စ်နှင့်ပွဲကို ယှဉ်ပြိုင်ကစားရန် ပျက်ကွယ်ခဲ့သည့် နာပိုလီအသင်း (၀-၃)ဂိုးဖြင့် အရှုံးပေးရဖွယ်ရှိ
Photo: AFP
Photo: AFP
Published 5 October 2020

နာပိုလီအသင်းသည် ဂျူဗင်တပ်စ်နှင့်ပွဲအား နေပယ်လ်ကျန်းမာရေးအာဏာပိုင်များ၏ တားဆီးမှုကြောင့် ယှဉ်ပြိုင်ကစားရန် ပျက်ကွက်ခဲ့ပြီး ယင်းအပြုအမူမှာ စည်းမျဉ်းနှင့်မညီသဖြင့် ဂျူဗင်တပ်စ်အသင်းကို (၀-၃)ဂိုးဖြင့် အရှုံးပေးရဖွယ်ရှိနေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် နာပိုလီနှင့် ယှဉ်ပြိုင်ကစားရန် အဆင်သင့်စောင့်ဆိုင်းနေခဲ့သော်လည်း နာပိုလီအသင်းမှာမူ နေပယ်လ်ကျန်းမာရေးအာဏာပိုင်များ၏ တားဆီးမှုကြောင့် ပွဲသို့ မလာရောက်နိုင်ခဲ့ပေ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ပြီးခဲ့သည့်အပတ်မှစ၍ အီတလီဘောလုံးအသင်းများအကြား ပေါ်ပေါက်လာခဲ့ပြီး ပွဲမတိုင်မီ ရရှိသည့် သတင်းများအရ ဂျူဗင်တပ်စ်အသင်းရော၊ နာပိုလီအသင်းပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ခံခဲ့ရသည်။

သို့ရာတွင် ဂျူဗင်တပ်စ်အသင်းသည် အသင်းတွင်းရှိ ဗိုင်းရပ်စ်ကူးစက်သူများကို သီးသန့်ခွဲထားနိုင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပွဲကစားရန် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နိုင်ခဲ့သည်။

စီးရီးအေနှင့် အီတလီအစိုးရ၏ ညွှန်ကြားချက်များအရ အသင်းရှိ ကစားသမား(သို့)ဝန်ထမ်းအချို့ ဗိုင်းရပ်စ်ကူးစက်ခံရလျှင်ပင် ပွဲကစားရန် ပြင်ဆင်နိုင်ရမည်ဖြစ်သည်။

ယင်းညွှန်ကြားချက်အား နေပယ်လ်ကျန်းမာရေးအာဏာပိုင်များက လွန်ဆန်ခဲ့ပြီး နာပိုလီအသင်း တူရင်သို့ မလာရောက်နိုင်ရန် တားဆီးခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent