နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယကြည်းတပ်ဦးစီးချုပ်တို့ တွေ့ဆုံ၍ ကုလားတန်စီမံကိန်း အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး အိန္ဒိယက မြန်မာသို့ Remdesivir ထိုးဆေးအလုံး ၃၀၀၀ ကျော် လွှဲပြောင်းပေးအပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယကြည်းတပ်ဦးစီးချုပ်တို့ တွေ့ဆုံ၍ ကုလားတန်စီမံကိန်း အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး အိန္ဒိယက မြန်မာသို့ Remdesivir ထိုးဆေးအလုံး ၃၀၀၀ ကျော် လွှဲပြောင်းပေးအပ်
Published 5 October 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗိန်း တို့သည် အောက်တိုဘာ ၅ ရက်က နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် အိန္ဒိယနိုင်ငံ ဘက်မှ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗွီရှရင်ဂေါနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ရှရီဆူရက်ကူးမားတို့လည်း ပါဝင်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆိုင်ရာ အရေးကြီးကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အိန္ဒိယနိုင်ငံ ၏ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းအဖြစ် Remdesivir ထိုးဆေးအလုံး ၃,၀၀၀ ကျော် အား လွှဲပြောင်းပေးအပ်ခဲ့သည်ဟု အိန္ဒိယ သံရုံး၏ ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

အိန္ဒိယကြည်းတပ်ဦးးစီးချုပ်နှင့် နိုင်ငံ ခြားရေးအတွင်းဝန်တို့၏ အဆိုပါ တရားဝင် ခရီးစဉ်တွင် ကုလားတန်ဘက်စုံစီမံကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးတို့အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိစ္စ များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကိုက ပြောကြားသည်။

“နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုပေါ့နော်။ လက်ရှိ သူတို့  ဆောင်ရွက်နေတဲ့ စီမံကိန်းတွေလည်း အရှိန်အဟုန် မပျက် ဆောင်ရွက်သွားဖို့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။ နောက်ပြီးတော့ ဆေးလည်း လှူသွားတာပေါ့” ဟု ညွှန် ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောကြားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် စက်တင်ဘာ၂၀ ရက်ကလည်း အိန္ဒိယနိုင်ငံ Zyduscadila ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် Remdesivir ထိုးဆေးများကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လှူဒါန်းခဲ့သည်။

နိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗွီ ရှရင်ဂေါသည် အောက်တိုဘာ ၁ ရက်က ၁၉ ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေး ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး သီတင်း တစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

နှစ်နိုင်င ံနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးနှင့် အတွင်းဝန်အဆင့်များ တက် ရောက်ဆွေးနွေးကြသည့် အဆိုပါဆွေးနွေး ပွဲတွင် မြန်မာ -အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ် နိုင်ငံကြား အဆင့်မြင့်အဆင့် ပုဂ္ဂိုလ်များ၏ အပြန်အလှန်ခရီးစဉ်များ သွားရောက်နိုင် ရေး၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံကြားဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက် တိုဘာ ၁ ရက်တွင် ထုတ်ပြန်မှုအရ သိရသည်။

ဗိုလ်ချုပ်ကြီး အမ်အမ်နာရာဗိန်းနှင့် နိုင်ငံ ခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗွီရှရင်ဂေါတို့ သည် ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ထပ်မံမြှင့်တင်ရန် ရည်ရွယ်လျက် အောက်တိုဘာ ၄ ရက်မှစ၍ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်။

သွေးပြန်ကြောထဲသို့ ထိုးသွင်းရသည့် ဗိုင်းရပ်စ်သတ်ဆေး Remdesivir ကို COVID-19 ကုသရန် ဆေးဝါးအဖြစ် အသုံး ပြုပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်းက COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုလည်း အဆိုပါ Remdesivir ဆေးဖြင့် ကုသခဲ့ ကြောင်း သိရသည်။

အရှေ့ပိုင်းလာဒက်ဒေသ၌ အိန္ဒိယ နှင့် တရုတ် စစ်တပ်တို့ ပဋိပက္ခဖြစ်ပွားနေ ပြီး COVID-19 ကပ်ရောဂါကြောင့် ပြည် ပမှ လာရောက်မှုများကို ကန့်သတ်ထား ချိန်တွင် ၎င်းတို့၏ မြန်မာနိုင်ငံသို့ လာ ရောက်မှုမှာ လွန်စွာ အရေးပါသည်။

Most Read

Most Recent