ဘာစီလိုနာအသင်းသည် ဆုဖလားများအားလုံးကို စိန်ခေါ်နိုင်သည့်အသင်းဖြစ်ကြောင်း ဇီဒန်း ပြောကြား

ဘာစီလိုနာအသင်းသည် ဆုဖလားများအားလုံးကို စိန်ခေါ်နိုင်သည့်အသင်းဖြစ်ကြောင်း ဇီဒန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 26 September 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဘာစီလိုနာအသင်းသည် ဆုဖလားအားလုံးကို စိန်ခေါ်နိုင်သည့်အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ၂၀၁၉-၂၀ ရာသီကို ဖလားလက်မဲ့အဖြစ် ဖြတ်သန်းခဲ့ရပြီးနောက် အသင်းတွင်း ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ 

ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းသည် အသင်းကို ပြန်လည်တည်ဆောက်ရန်ကြိုးစားနေသော်လည်း ဆွာရက်ဇ်၊ ရာကီတစ်၊ အာသာ၊ ဆယ်မီဒိုတို့လို အဓိကကစားသမားများ ထွက်ခွာသွားခဲ့ပြီး အင်အားဖြည့်တင်းပိုင်းတွင် အားနည်းနေသည်။

သို့သော် ဇီဒန်းက ဘာစီလိုနာအသင်း၏ လူစာရင်းမှာ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်စွမ်းရှိပြီး မိမိတို့အနေဖြင့် လေးစားမှုအပြည့်ရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

ဇီဒန်းက "ဘာစီလိုနာအသင်းကို ကျွန်တော် လေးစားပါတယ်။ သူတို့မှာ ဘယ်လိုပြဿနာတွေ ရှိနေတယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အသင်းတိုင်းမှာ ကိုယ့်ပြဿနာ၊ ကိုယ့်အခက်အခဲနဲ့ ကိုယ်ပါပဲ။ ဘာစီလိုနာအသင်းရဲ့ လူစာရင်းက ဆုဖလားတိုင်းကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီအတွက် ကျွန်တော် သံသယမရှိပါဘူး"ဟု ပြောကြားခဲ့သည်။