ဝက်စ်ဘရွန်းနှင့်ကစားမည့်ပွဲတွင် ပူလီဆစ်နှင့် ဇီယာ့ရှ်တို့ ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း လမ်းပတ် အတည်ပြု

ဝက်စ်ဘရွန်းနှင့်ကစားမည့်ပွဲတွင် ပူလီဆစ်နှင့် ဇီယာ့ရှ်တို့ ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း လမ်းပတ် အတည်ပြု
Photos: AP & Getty Images
Photos: AP & Getty Images
Published 25 September 2020

ချယ်လ်ဆီးနည်းပြ လမ်းပတ်က ဝက်စ်ဘရွန်းအသင်းနှင့်ကစားမည့်ပွဲစဉ်တွင် ဇီယာ့ရှ်နှင့် ပူလီဆစ်တို့ ပါဝင်ဦးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီအကုန်ပိုင်းတွင် ခြေစွမ်းပြခဲ့သည့် ပူလီဆစ်နှင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူထားသည့် ဇီယာ့ရှ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပွဲစဉ်များတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။ 

၎င်းတို့နှစ်ဦးသည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သော်လည်း ပွဲကစားရန် ကြံ့ခိုင်မှုမပြည့်ဝသေးကြောင်း လမ်းပတ်က ပြောကြားခဲ့သည်။ 

လမ်းပတ်က "ဇီယာ့ရှ်နဲ့ ပူလီဆစ်တို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ ဒါပေမဲ့ ဝက်စ်ဘရွန်းပွဲမှာ ပါဝင်ကစားဖို့ဆိုတာကတော့ သူတို့အတွက် စောလွန်းပါသေးတယ်။ လာမယ့် တစ်ပတ်၊ နှစ်ပတ်အတွင်း သူတို့ ပွဲကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် လမ်းပတ်က ဝက်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ရန်းစ်အသင်းမှ ပေါင်(၂၅)သန်းဖြင့် ခေါ်ယူထားသည့် ဂိုးသမား မန်ဒီကို အသုံးပြုဦးမည်မဟုတ်ဘဲ လီဗာပူးလ်နှင့်ပွဲတွင် အမှားကျူးလွန်ခဲ့သည့် ဂိုးသမား ကယ်ပါကို ပွဲထွက်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲကစားပြီးချိန်တွင် (၁)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ် ထွက်ပေါ်ထားပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၃)အဖြစ် စက်တင်ဘာ (၂၆)ရက်တွင် ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

Most Read

Most Recent