ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ၏ Facebook Page ခေတ္တပိတ်ပင်ကန့်သတ်ခံရ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ၏ Facebook Page ခေတ္တပိတ်ပင်ကန့်သတ်ခံရ
Published 22 September 2020
ဆန်းမိုးထွန်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်၏ Facebook Page ခေတ္တပိတ်ပင်ကန့်သတ်ခံရကြောင်း သတင်းရရှိသည်။

Facebook အနေဖြင့် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်၏ Facebook Page ကို စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီခန့်တွင် ပိတ်ပင်ကန့်သတ် (Unpublished) ခဲ့ခြင်းဖြစ်ကြောင်း ဦးငိုင်ဆာခ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Facebook Team ထံ အကြောင်းကြားစာကို စက်တင်ဘာ၂၂ ရက် နံနက် ၁ နာရီကျော်တွင် ပေးပို့ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် Facebook က အကြောင်းပြန်ခဲ့ကြောင်းနှင့် “ High Profile Impersonation-High Profile တု ပြခြင်း” ကြောင့် Facebook က ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါသည်ဟု CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ Facebook အနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်၏ Facebook Page ကို ၁၀ နာရီကျော်ကြာ ပိတ်ပြီးနောက် စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီနောက်ပိုင်းတွင် Page ပြန်လည်အသုံးပြုခွင့်ပေးခဲ့ကြောင်း ဦးငိုင်ဆာခ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Most Read

Most Recent