■ လိဂ်ဖလား(EFL Cup) တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ လိဂ်ဖလား(EFL Cup) တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photos : Man Utd, Tottenham Hotspur
Photos : Man Utd, Tottenham Hotspur
Published 22 September 2020

လေတန်အောရီးယန့် နှင့် စပါး (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၂ ရက် ည ၁၁း၃၀ နာရီ)

ဆောက်သမ်တန်ကို ဂိုးပြတ်အနိုင်ယူထားတဲ့ စပါးက တစ်ရက်သာခြားပြီး ယူရိုပါလိဂ်ပွဲ ကစားရဖို့ရှိနေလို့ အရန်တွေ ကိုပဲ ထုတ်သုံးဖို့ရှိပါတယ်။ စပါး လူမစုံပေမယ့် League Two ကလပ်ကို ဂိုးပြတ်သွင်းဖို့များတယ်။

ဝက်စ်ဘရွန်း နှင့် ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် နံနက် ဝဝး၃၀ နာရီ)

ပရီးမီးယားလိဂ်ရာသီအဖွင့် ဂိုးပြတ်ရှုံးပွဲ(၂)ပွဲက ဝက်စ်ဘရွန်းအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လို့ လိဂ်ဖလားကို လုံးလုံးလျားလျား ပစ်ပယ်ဖို့များပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပဲ စွန့်စားချင်တယ်။

နယူးပို့တ် နှင့် ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် နံနက် ဝဝး၃၀ နာရီ)

နယူးပို့တ်က League Two ကလပ်အသင်းဖြစ်ပြီး ဝက်ဖို့ဒ်နဲ့ အဆင့်ချင်းတော့ အတော်ကွာပါတယ်။ ဝက်ဖို့ဒ် အနိုင်သေချာပါတယ်။

ဝက်စ်ဟမ်း နှင့် ဟားလ်စီးတီး (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် နံနက် ၁းဝ၀ နာရီ)

ပရီးမီးယားလိဂ်(၂)ပွဲဆက်ရှုံးထားတဲ့ ဝက်စ်ဟမ်းအသင်း အိမ်ကွင်းမှာ သိက္ခာဆယ်ဖို့ ကြိုးစားလာနိုင်တယ်။ ဝက်စ်ဟမ်း  ဂိုးပြတ်လိမ့်မယ်ထင်တယ်။

လူတန် နှင့် မန်ယူ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် နံနက် ၁း၄၅ နာရီ)

လူတန်အသင်းက ပြီးခဲ့တဲ့ရာသီ လိဂ်ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်အထက်နားကနေ တင်ကျန်ရစ်တဲ့အသင်းဖြစ်ပေမယ့် အခုရာသီမှာတော့ တာထွက်ကောင်းနေတယ်။ လိဂ်ဖလား အစောပိုင်းအဆင့်တွေမှာလည်း နောဝစ်ချ်၊ ရက်ဒင်းအသင်းတွေကို ကျော်ဖြတ်လာတဲ့ လူတန်အသင်းကို လျှော့တွက်လို့တော့မရဘူး။ ရာသီသစ်ကို စိတ်ပျက်ဖွယ်အရှုံးနဲ့ စတင်ခဲ့ရတဲ့ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ စောစောစီးစီး ဖိအားဝင်သွားခဲ့ရပြီး အခုပွဲမှာ အရန်ကစားသမားအများစုကို ထုတ်သုံးလာနိုင်ခြေရှိပေမယ့် အမှားအယွင်းတော့ အဖြစ်ခံမယ်မထင်ဘူး။ မန်ယူဘက်ကပဲ ရပ်တည်သင့်တယ်။

Most Read

Most Recent