COVID-19 သံသယလူနာများအား လက်ခံကုသမှု မပြုနိုင်ကြောင်း အာရှတော်ဝင် ဆေးရုံ ကြေညာချက် ထုတ်ပြန်

COVID-19 သံသယလူနာများအား လက်ခံကုသမှု မပြုနိုင်ကြောင်း အာရှတော်ဝင် ဆေးရုံ ကြေညာချက် ထုတ်ပြန်
Published 22 September 2020
ပြည့်ဖြိုးအောင်

COVID-19 သံသယလူနာများအား လက်ခံကုသမှုမပြုနိုင်ကြောင်း အာရှတော်ဝင် ဆေးရုံက စက်တင်ဘာ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် COVID-19 သံသယ လူနာများအား လက်ခံကုသမှု မပြုနိုင်ခြင်းအတွက် နားလည်ခွင့်လွှတ်ပေး ပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ကြောင်းနှင့် အာရှတော်ဝင်ဆေးရုံသည် အ ယုတ်အလတ်အမြတ်မရွေး၊ လူမျိုးဘာသာမရွေး ကုသပေးနေသည့်ဆေးရုံ ဖြစ်ကြောင်း ပါရှိသည်။

လက်ရှိ COVID ရောဂါကူးစက်ပျံ့နှံ့ သည့်အနေအထားအရ မိမိတို့သည် ရှိရင်းစွဲ လူနာနှင့် လူနာရှင်များ ၏ လုံခြုံရေး၊ ပြင်ပမှ ရောဂါပိုးဝင်ရောက်မှုကင်းရှင်းရေးတို့အား တစ်စိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပြီး သို့ ဖြစ်ပါ၍ ဆေးရုံသို့ ဝင်ရောက်လာသောသူ တိုင်းကို လိုအပ်သည့်မေးမြန်းစုံစမ်းမှုများ ပြု လုပ်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အကြောင်းကြားအပ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာရှတော်ဝင်ဆေးရုံတွင် အဓိကရော ဂါဌာနများဖြစ်သော နှလုံး၊ ဦးနှောက်နှင့် အာ ရုံကြော၊ အရိုးအကြော၊ အထွေထွေဆေးပ ညာ၊ အထွေထွေခွဲစိတ်၊ မီးယပ်နှင့် ကလေး လူနာများအား အချိန်မရွေးပြုစုကုသပေးနေ ပါသဖြင့် လက်ရှိဆေးရုံအနေအထားအရ COVID-19 သံသယလူနာများ လက်ခံကုသ မှုမပြုနိုင်ခြင်းအား နားလည်ခွင့်လွှတ်ပေးပါ ရန် အာရှတော်ဝင်ဆေးရုံ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၈ ရက်က နေပြည်တော် တွင်ပြုလုပ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပုဂ္ဂလိကဆေးရုံ များတွင် COVID-19 လူနာများအား လက်ခံ ကုသပေးရန် သဘောတူညီမှုရရှိထားပြီး အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကဆေး ရုံများ၏ အခန်းကဏ္ဍသည်အရေးကြီးသဖြင့် ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသမှုပေးရန်ကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီ ကြောင်း၊ အသေးစိတ်ညှိနှိုင်းမှုများကို အမြန် ဆုံး ဆက်လက် လုပ်ဆောင်သွားကြစေလိုကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှလည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ဤရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်ကို နေ့စဉ် သုံးသပ်လျက်ရှိပြီး တွေ့ရှိချက်များပေါ်မူ တည်ပြီး ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ယခုကာလ၌ ထိန်းချုပ်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်၍ တင်းကြပ်စွာလုပ်ကိုင်လျက်ရှိပြီး ဖြစ်ပေါ်လာသောအခြေအနေအပေါ် မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့်လျှော့ချ မည်ဖြစ်ကြာင်း၊ လက်ရှိ ဖြစ်ပေါ်လျက်ရှိသော ကပ်ရောဂါ၏ အတိုင်းအဆနှင့် ပျံ့နှံ့မှုပုံသ ဏ္ဌာန်ပေါ်မူတည်၍ ဝန်ကြီးဌာနသည် ဆေး ရုံဆင်းခွင့်သတ်မှတ်ချက်နှင့် အသွားအလာ ကန့်သတ်ခြင်းကာလ သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်လျက်ရှိပြီး လိုအပ်သလို အ မြန်ဆုံး ပြင်ဆင်ထုတ်ဝေမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက က ပြောကြားသည်။

 

Most Read

Most Recent