ချယ်လ်ဆီးအသင်း၏ နွေရာသီငွေကြေးသုံးစွဲမှု မရပ်တန့်သေးဘဲ ရန်းစ်ဂိုးသမား မန်ဒီအား ပေါင်(၂၆)သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်း၏ နွေရာသီငွေကြေးသုံးစွဲမှု မရပ်တန့်သေးဘဲ ရန်းစ်ဂိုးသမား မန်ဒီအား ပေါင်(၂၆)သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိ
Published 21 September 2020

ယခုနွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ငွေကြေးသုံးစွဲမှုများစွာပြုလုပ်ကာ ကစားသမားသစ်များခေါ်ယူခဲ့သော ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏ နွေရာသီကစားသမားသစ်ခေါ်ယူမှုကို မရပ်တန့်သေးဘဲ ရန်းစ်ဂိုးသမား မန်ဒီအားခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိ ရသည်။

ဗြိတိန်သတင်းစာ Daily Mail ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် အသက်(၂၈)နှစ်အရွယ် မန်ဒီအား ပေါင်(၂၆)သန်းဖြင့်ခေါ်ယူရန် သူ၏ကလပ် ရန်းစ်အသင်းနှင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ 

Daily Mail ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် မန်ဒီအတွက် ပြင်သစ်ကလပ် ရန်းစ်အသင်းသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၂၂) သန်းပေးချေရမည်ဖြစ်ပြီး ကျန်ငွေကြေးကို Add-ons ကြေးအဖြစ် ဆက်လက်ပေးချေရမည်ဖြစ်ကြောင်း သိရှိ ရသည်။ 

ချယ်လ်ဆီးအသင်းသည် မန်ဒီအား (၅)နှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မန်ဒီသည် ဆီနီဂေါလက်ရွေးစင်အသင်းအတွက် (၈)ပွဲကစားခွင့် ရရှိထားသူဖြစ်ပြီး ရန်းစ်အသင်းတွင် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၄)ပွဲကစားပေးခဲ့သူဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent