COVID-19 ရိုက်ခတ်မှုကြောင့် ဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် FAO ၏ တုံ့ပြန်ဆောင်ရွက်ပေးမှုများကို မြန်မာနိုင်ငံက တက်ရောက်ဆွေးနွေး

COVID-19 ရိုက်ခတ်မှုကြောင့် ဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် FAO ၏ တုံ့ပြန်ဆောင်ရွက်ပေးမှုများကို မြန်မာနိုင်ငံက တက်ရောက်ဆွေးနွေး
 FAO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက်ဒေသတွင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
FAO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက်ဒေသတွင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
Published 3 September 2020

COVID-19 ရိုက်ခတ်မှုကြောင့် ဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် FAO ၏ တုံ့ပြန်ဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို မြန်မာနိုင်ငံက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့FAO ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ (၃၅) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ လေးရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ ညွှန်ကြားရေး ဒေါ်ခင်မာဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

Virtual Mode ဖြင့် လေးရက်ကြာ ကျင်းပသည့် အဆိုပါအစည်းအဝေး၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် COVID-19 ရိုက်ခတ်မှုကြောင့် ဒေသတွင်း နိုင်ငံများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် FAO ၏ တုံ့ပြန်ဆောင်ရွက်ပေးမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ရေစီမံခန့်ခွဲမှုအတွက် ဒေသတွင်းဦးစားပေး အစီအစဉ်များချမှတ်ခြင်း၊ ပစိဖိတ်ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝရေး သေချာစေရန် လုပ်ကွက်ငယ်ရေလုပ်သားများအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ချမှတ်ရေး၊ အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများအတွက် ဘေးဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သည့်စားနပ်ရိက္ခာစနစ် ထူထောင်ခြင်း ဆိုင်ရာနှင့် Multi -year Programme of Work (MYPOW) (2020-2023) ရေးဆွဲရေး၊ FAO ၏ (၂၀၁၈ -၂၀၁၉) ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်များ၊ FAO ၏ New Strategic Framework နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းဒေသတွင်း ကနဦးအကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် ပြန်လည်စိစစ် သုံးသပ်ရေးဆွဲခြင်းကိစ္စရပ်များ၊ ဗဟိုအဆင့်မှ ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်များအရ ချဉ်းကပ်ဆောင်ရွက်မည့် စနစ်သို့ ကျင့်သုံးမည့် Decentralized Offices Business Model အပေါ် ပြန်လည် စိစစ်သုံးသပ်ခြင်းကိစ္စရပ်များ၊ နောက်တစ်ကြိမ် ကျင်းပမည့် FAO ၏ (၃၆) ကြိမ်မြောက် ဒေသတွင်း အစည်းအဝေးရက်နှင့်ကျင်းပမည့် နေ့ရက်ရွေးချယ်အတည်ပြုခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံကို စားနပ်ရိက္ခာထုတ်လုပ်ရောင်းချသော နိုင်ငံအဖြစ် ဆောင်ရွက်နိုင်မည့်အပေါ် အမြင်သဘောထားများ ကြိုဆိုကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ရောဂါကြောင့် ထိခိုက်နစ်နာမှုများ လျော့ပါးရေးနှင့် ကုစားရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေရသ ကဲ့သို့  COVID-19 အလွန် ကာလဖြစ်ပေါ် လာနိုင်သည့် ဆက်ဆံရေးပုံစံသစ် New Normal အရ အထူးသဖြင့် စီးပွားရေးကို မည်သည့်ပုံစံဖြင့် ဆက်လက်ထူထောင်ကြမည်ဆိုသည်ကို အရေးတကြီး ဖော်ညွှန်းဆွေးနွေးပြင် ဆင်လုပ်ကိုင်နေကြကြောင်း၊   မြန်မာနိုင်ငံသည်လည်း COVID-19 အလွန်ကာလ Newe Normal အရ စီးပွာရေးမည်ကဲ့သို့ပုံစံသစ်ဖြင့် ရှေ့ဆက်သွားကြမည်ကို လေးလေးနက်နက်စဉ်းစားညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent