မန္တလေးမြို့တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ တစ်ညတည်း ၅၇ ဦးကို အရေးယူ

မန္တလေးမြို့တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ တစ်ညတည်း ၅၇ ဦးကို အရေးယူ
မန္တလေးမြို့တွင် ညပိုင်းလုံခြုံရေးဆောင်ရွက်နေသည့်ယာဉ်တန်းကို တွေ့ရစဉ်
မန္တလေးမြို့တွင် ညပိုင်းလုံခြုံရေးဆောင်ရွက်နေသည့်ယာဉ်တန်းကို တွေ့ရစဉ်
Published 1 September 2020
ယဉ်မျိုးသွယ်

မန္တလေးမြို့တွင် တစ်ညတည်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၅၇ ဦးကို ပုဒ်မ ၁၈၈ ဖြင့် စက်တင်ဘာ ၁ ရက်က အရေးယူထားကြောင်း ခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်တွင် ကိုးဦး၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၃ ဦး၊ မဟာ အောင်မြေမြို့နယ်တွင် ၁၀ ဦး၊ ချမ်းမြသာ စည်မြို့နယ်တွင် တစ်ဦး၊ ပြည်ကြီးတံခွန်မြို့ နယ်တွင် ကိုးဦး၊ အမရပူရမြို့နယ် ရှစ်ဦးနှင့် ပုသိမ်ကြီးမြို့နယ်တွင် ခုနစ်ဦး စုစုပေါင်း ၅၇ ဦးကို အရေးယူထားကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“တင်းတင်းကျပ်ကျပ် ပြန်လုပ်တဲ့ သဘောပဲ။ လူတွေက အပြင်ထွက်တာများနေ တော့ နှစ်မျိုးပေါ့နော်။ ရောဂါအတွက်ရော  ရာဇဝတ်မှုတွေအတွက်ရောပေါ့။ နည်းနည်း လေးတော့ ပြန်ထိန်းချုပ်ဖို့လိုလာတယ်။အမိန့်ကတော့ နဂိုကလည်းရှိပြီးသားပါ။မလိုက်နာတဲ့သူတွေများလာတော့ ပြန်တင်း ကျပ်တဲ့သဘောပါ။ မနေ့ကတော့ ခုနစ်မြို့ နယ်လုံးဖမ်းတယ်။ သက်ဆိုင်ရာမြို့နယ် အလိုက် ထွေအုပ်ကပဲ တရားလိုလုပ်ပြီး တရားစွဲတာပါ။ ပုံမှန်ဆိုရင် တစ်ခါတလေ တစ်ယောက် နှစ်ယောက်ပေါ့။ များတဲ့ရက် သုံး၊ လေးယောက်ပေ့ါ။ မနေ့ကတော့ မြို့နယ် အားလုံး တစ်ပြိုင်တည်းလုပ်လိုက်တော့ များ သွားတဲ့သဘောပဲ” ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က ဆိုသည်။

မန္တလေးမြို့တွင် ညမထွက်ရအမိန့်ကို ဧပြီလတွင်းက စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုက်နာမှု ရှိ မရှိကို ရဲတပ်ဖွဲ့ပါဝင်သော အုပ် ချုပ်ရေးအဖွဲ့စည်းများနှင့်ပူးပေါင်းကာ ည စဉ်စစ်ဆေးနေခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင်းရှိ မြို့နယ် တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် နေ့ စဉ်ည ၁၂ နာရီမှ နံနက် ၄ နာရီတွင်း ညမ ထွက်ရအမိန့်များကို ဆက်လက်ထားရှိသွား မည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန် အသိ ပေးကြေညာချက်တွင် စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးအားကစားဝန်ကြီး ဌာန၏ သြဂုတ် ၂၇ ရက် ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့ နယ်ရှိ ရဲအရာရှိအတတ်သင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် စခန်းမှူးသင်တန်းသို့ ရခိုင် ပြည်နယ်တွင်လာရောက်နေသော ရဲအရာရှိ ထံမှCOVID-19 ရောဂါကို ပြန်လည်တွေ့ရှိ ထားပြီး ချမ်းမြသာစည်မြို့နယ်တစ်ဦးနှင့် ချမ်းအေးသာစံမြို့နယ်တွင် တစ်ဦးပြန်လည် တွေ့ရှိထားသည်။