မိမိမှာ Ballon d'Or ဆုနှင့် ထိုက်တန်သည်ဟု ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုရှင် လီဝန်ဒေါစကီး ဆို

မိမိမှာ Ballon d'Or ဆုနှင့် ထိုက်တန်သည်ဟု ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုရှင် လီဝန်ဒေါစကီး ဆို
Photos : Bayern Munich
Photos : Bayern Munich
Published 31 August 2020

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက ၎င်းမှာ ယခုနှစ် Ballon d'Or ဆုနှင့်ထိုက်တန်သည်ဟု သြဂုတ်လ(၃၀)ရက်က ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုရှင်အဖြစ် ကြေညာခြင်းမခံရမီ

နာရီပိုင်းအလိုတွင် ပိုလန်မီဒီယာ Sportowe Fakty သို့ ပြောကြားခဲ့သည်။

ယခုနှစ် Ballon d'Or ဆုကို ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ချီးမြှင့်မည်မဟုတ်ကြောင်း အစောပိုင်းကတည်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။

''ဘိုင်ယန်အသင်းနဲ့အတူ ပြိုင်ပွဲတိုင်း ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတိုင်း(ချန်ပီယံလိဂ်၊ ဂျာမန်ဖလားနဲ့ ဘွန်ဒစ်လီဂါ)မှာ ကျွန်တော်က ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။ ဒီလိုကစားသမားမျိုးဟာ Ballon d'Or ဆုရသင့်တယ်လို့ ယူဆပါတယ်''ဟု

လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။

လီဝန်ဒေါစကီးသည် ဂျာမန်အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်သည့် ဂျာမန်တစ်နှစ်တာအကောင်းဆုံးဆုကို ဘွန်ဒစ်လီဂါကစားသမားဘဝ (၁၀)နှစ်တာအတွင်း ပထမဆုံးအကြိမ် ဆွတ်ခူးခြင်းဖြစ်သည်။

ဂျာနယ်လစ်(၅၂၅)ဦး၏ မဲပေးရွေးချယ်မှုတွင် လီဝန်ဒေါစကီးက (၂၇၂)မဲအထိရရှိကာ အကောင်းဆုံးဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။

ဒုတိယနှင့် တတိယနေရာများတွင် ဘိုင်ယန်အသင်းဖော်များဖြစ်သည့် မူလာ(၅၄ မဲ)နှင့် ကင်မစ်ချ်(၄၉ မဲ) ရပ်တည်နိုင်ခဲ့သည်။

လီဝန်ဒေါစကီးသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၄၇)ပွဲ၌ (၅၅)ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲ(၃)ခုတွင် ဂိုးသွင်းဘုရင်အဖြစ် ဖလား(၃)လုံးရသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းဂျာမန်အကောင်းဆုံးဆုကို ဂျာမန်ပြင်ပကစားသမားများထဲမှ ဆဋ္ဌမမြောက်ရရှိသူအဖြစ် လီဝန်ဒေါစကီးက မှတ်တမ်းတင်ခဲ့ပြီး ၎င်းမတိုင်မီ အယ်လ်တန်(၀ါဒါဘရီမင်/ဘရာဇီးလ်၊ ၂၀၀၄)၊ ရီဘာရီ(ဘိုင်ယန်မြူးနစ်/ပြင်သစ်၊ ၂၀၀၈)၊

ဂရာဖီတေး(ဝုလ်ဖ်ဘတ်/ဘရာဇီးလ်၊ ၂၀၀၉)၊ ရော်ဘင်(ဘိုင်ယန်မြူးနစ်/နယ်သာလန်၊ ၂၀၁၀)၊ ဒီဘရိုင်းနား(ဝုလ်ဖ်ဘတ်/ဘယ်လ်ဂျီယံ၊ ၂၀၁၅)တို့က ရရှိခဲ့ကြသည်။

 

Most Read

Most Recent