ကပ်ဘေးကြောင့် ကစားသမားသစ် ခေါ်ယူရန် များစွာချင့်ချိန်ရပြီး ငွေကြေးမည်မျှ အသုံးပြုခွင့်ရမည်ကို မသိကြောင်း ကလော့ပ် ဆို

ကပ်ဘေးကြောင့် ကစားသမားသစ် ခေါ်ယူရန် များစွာချင့်ချိန်ရပြီး ငွေကြေးမည်မျှ အသုံးပြုခွင့်ရမည်ကို မသိကြောင်း ကလော့ပ် ဆို
Published 27 August 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကပ်ဘေးကြောင့် ဘဏ္ဍာရေးကျပ်တည်းသဖြင့် ကစားသမားသစ် ခေါ်ယူရန် များစွာချင့်ချိန်ရပြီး အသင်းအနေဖြင့် ငွေကြေးမည်မျှအသုံးပြုခွင့်ပြုမည်ကို မသိရှိကြောင်း ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် အိုလံပီယာကော့စ်အသင်းမှ ဂရိနောက်ခံလူ ဆီမီကက်စ်ကို ပေါင်(၁၁.၇)သန်းဖြင့် ခေါ်ယူထားပြီး စပိန်ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူမည်ဟု သတင်းများထွက်နေသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ပေါင် (၂၉)သန်း တောင်းဆိုထားသဖြင့် လက်ရှိအချိန်အထိ ကမ်းလှမ်းရခြင်းမရှိသေးကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ကလော့ပ်က ''ကျွန်တော်တို့ စိတ်ဝင်စားတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ ကပ်ဘေးကာလဖြစ်လို့ ကစားသမားသစ်ခေါ်ယူဖို့ အရမ်းချင့်ချိန်နေရပါတယ်။ ကပ်ဘေးအလွန် ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေးကို အလေးထားရပြီး အသင်းအနေနဲ့ ဘယ်လောက်သုံးစွဲခွင့်ပေးမလဲ ကျွန်တော် မသိပါဘူး''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent