မောင်တောခရိုင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့၌ Mask မတပ်ဆင်ဘဲ သွားလာနေသူများအား စတင်အရေးယူ

မောင်တောခရိုင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့၌ Mask မတပ်ဆင်ဘဲ သွားလာနေသူများအား စတင်အရေးယူ
■ ဓာတ်ပုံ- iprd maungdaw
■ ဓာတ်ပုံ- iprd maungdaw
Published 26 August 2020

မောင်တောခရိုင် မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့များ၌ Mask မတပ်ဆင်ဘဲ သွားလာနေသူများအား စတင်အရေးယူမှု ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့၌ မောင်တောမြို့တွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ လိုက်နာမှု မရှိသူ ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုသူများအား ဒဏ်ငွေတစ်သောင်း ပေးဆောင်စေကာ အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ နေအိမ် ပြင်ပသို့ ထွက်ကြရန် အသိပညာပေး ပြောကြားမှုများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

မောင်တောမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း စစ်ဆေးရေး အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့ နံနက်မှစ၍ မြို့တွင်း နေရာများ၌ အဖွဲ့(၂)ဖွဲ့ ခွဲကာ မြို့နယ်အတွင်း သွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင် စေရေး ပညာပေးခြင်း၊ ဝန်ခံကတိရယူခြင်း၊ ဒဏ်ငွေပေးသွင်းစေခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ နေအိမ် ပြင်ပသို့ ထွက်ကြရန်နှင့် ထပ်မံတွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဉပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“အခု Mask မတပ်ဘဲ တွေ့ရင် ဖမ်းတယ်။ ဒဏ်ရိုက်တယ် ဆိုတော့ လူတွေကတော့ အပြင်ထွက်ရင် Mask တပ်လာကြတယ်။ ပြည်သူတွေကိုယ်တိုင်က ဖမ်းမှတပ်တာ မဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ ရောဂါကို ကာကွယ်လာအောင် လုပ်ဖို့လိုပါတယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent