၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မန်စီးတီး ရေပန်းအစားဆုံးဖြစ်

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် မန်စီးတီး ရေပန်းအစားဆုံးဖြစ်
Photo: Getty Images
Photo: Getty Images
Published 21 August 2020

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားထုတ် ပြန်ခဲ့ပြီးနောက် ဗိုလ်စွဲရန် ရေပန်းစားမှုများလည်း ထွက်ပေါ်လာရာ လက်ရှိချန်ပီယံ လီဗာပူးလ်ကိုကျော်၍ မန်စီးတီးအသင်းက ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

    

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းနှင့် (၁၈)မှတ်အထိ ကွာဟခဲ့သော်လည်း ဗိုလ်စွဲရန် ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ 

ထွက်ပေါ်လာသည့် အလေးပေးမှုများအရ မန်စီးတီးအသင်း၏နောက် ဒုတိယနေရာတွင် လီဗာပူးလ်အသင်းက ရပ်တည်ခဲ့ပြီး မန်ယူအသင်းက တတိယ နေရာတွင် ရှိနေခဲ့သည်။ 

ချယ်လ်ဆီးအသင်းက အဆင့်(၄)နေရာတွင် ရှိနေခဲ့ပြီး အာဆင်နယ်နှင့် စပါးအသင်းတို့က အဆင့်(၅)နေရာတွင် ပူးတွဲရပ်တည်ခဲ့သည်။ ထူးခြားသည်မှာ တန်းတက် လိဒ်စ်အသင်းက ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်း၏နောက် အဆင့်(၇)နေရာတွင် လက်စတာ၊ ဝုလ်ဗ် အသင်းတို့နှင့်အတူ ပူးတွဲရပ်တည်ခဲ့ခြင်းဖြစ်သည်။

    

တန်းဆင်းရမည့်အသင်းအတွက် အလေးပေးမှုတွင်မူ ဖူလ်ဟမ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်း၏နောက်တွင် ဝက်စ်ဘရွန်း၊ အက်စတွန်ဗီလာ၊ ခရစ္စတယ်ပဲလေ့စ်၊ နယူးကာဆယ်၊ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်တို့ အစဉ်လိုက်ရှိခဲ့သည်။

■ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားမှု

မန်စီးတီး - ၁ဝး၁၁

လီဗာပူးလ် - ၁၅း၈

မန်ယူ - ၈း၁

ချယ်လ်ဆီး - ၁၂း၁

အာဆင်နယ် - ၅ဝး၁

စပါး - ၅ဝး၁

လိဒ်စ် - ၁၅ဝး၁

လက်စတာ - ၁၅ဝး၁

ဝုလ်ဗ် - ၁၅ဝး၁

Most Read

Most Recent