နာဘရီ စူပါစတားဖြစ်လာမည်ကို ကြိုသိခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့သည်ကို ဝမ်းနည်းမိကြောင်း အာစင်ဝင်းဂါး ဖွင့်ဟ

နာဘရီ စူပါစတားဖြစ်လာမည်ကို ကြိုသိခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့သည်ကို ဝမ်းနည်းမိကြောင်း အာစင်ဝင်းဂါး ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 21 August 2020

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက ဘိုင်ယန်ကြယ်ပွင့် နာဘရီ စူပါစတားဖြစ်လာမည်ကို ကြိုသိခဲ့သည်ဟု ဖွင့်ဟခဲ့ပြီး ၎င်းအား ထွက်ခွာခွင့်ပြုခဲ့သည်ကို ဝမ်းနည်းမိသည်ဟု beIN Sports တွင် ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် နာဘရီ အသက်(၁၅)နှစ်အရွယ်ကတည်းက ယုံကြည်စွာဖြင့် အာဆင်နယ်အသင်းထံ ခေါ်ယူခဲ့သူဖြစ်သည်။

သို့ရာတွင် အသင်း၌ နေရာမပေးနိုင်ခြင်း၊ ဒဏ်ရာပြဿနာအချို့ ကြုံတွေ့ခဲ့ခြင်း၊ အငှားချသည့် အသင်းများတွင် ပွဲကစားချိန် အလုံအလောက်မရရှိခြင်းတို့ကြောင့် ၎င်းကို ထွက်ခွာခွင့် ပေးခဲ့ရသည်။

ဝင်းဂါးက "နာဘရီကို သူ (၁၅) နှစ်သားကတည်းက ကျွန်တော်က စတုဂတ်ကနေ ခေါ်ခဲ့တဲ့သူဆိုတာ မမေ့ကြပါနဲ့။ သူက ဒဏ်ရာခဏခဏရခဲ့တယ်။ သူက ဖန်တီးနိုင်စွမ်းမြင့်တယ်။ ဂိုးတွေသွင်းနိုင်တယ်။ ခြေနှစ်ဖက်စလုံး သန်တယ်။ ပါဝါကောင်းတယ်။ ပြေးတဲ့အခါ Timing ချိန်တာ အရမ်းကောင်းတယ်" ဟု ချီးကျူးခဲ့သည်။

နာဘရီကို ထွက်ခွာခွင့်ပေးခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ "ကျွန်တော်တို့ သူနဲ့ သဘောတူညီချက်ရှိပါတယ်။ ဝက်စ်ဘရွန်းကို အငှားချတော့လည်း ပွဲ မကစားခဲ့ရဘူး။ ပြန်လာတော့ သူ ဒဏ်ရာတွေနဲ့ ရုန်းကန်ရတယ်။ နောက်တော့ သူ ဂျာမနီ ယူ-၂၁ မှာ ကစားခဲ့ပြီး ဝါဒါဘရီမင်နဲ့ သဘောတူညီမှုယူခဲ့တယ်။ ဘိုင်ယန်က ဝါဒါနဲ့ ချိတ်ထားတာ။ အဲဒီမှာ နာဘရီက သက်တမ်းမတိုးချင်တော့ဘဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တော့တာပါပဲ"ဟု ပြောပြခဲ့သည်။

Most Read

Most Recent