အာရှဖူဆယ်ကလပ်ပြိုင်ပွဲယှဉ်ပြိုင်မည့် VUC နှင့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် MIU အသင်း ပြိုင်ပွဲကျင်းပမည့်ကာလအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်မည်

အာရှဖူဆယ်ကလပ်ပြိုင်ပွဲယှဉ်ပြိုင်မည့် VUC နှင့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် MIU အသင်း ပြိုင်ပွဲကျင်းပမည့်ကာလအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်မည်
Photo: EMG
Photo: EMG
Published 19 August 2020

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် သြဂုတ် ၁၇ ရက်က ပြုလုပ်သည့်အစည်းအဝေးတွင် အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) တို့က ကြီးမှူးကျင်းပမည့် ဖူဆယ်ကလပ်ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာဖူဆယ် ကလပ်အသင်းများသည် ပြိုင်ပွဲကျင်းပမည့် ကာလအပေါ်မူတည်၍ ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် သြဂုတ် ၁၇ ရက်က ပြုလုပ်သည့်အစည်းအဝေးတွင် အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

အစည်းအဝေးဆုံးဖြတ်ချက်အရ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် MIU အသင်း၊ အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် VUC အသင်းတို့  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ MFF သည် လိဂ်ချန်ပီယံအသင်းကို အာရှပြိုင်ပွဲ၊ Open Cup ချန်ပီယံအသင်းကို အာဆီယံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံးဖြတ်ထားသော်လည်း ပြိုင်ပွဲနှစ်ခုစလုံးတွင် MIU အသင်းက ဗိုလ်စွဲခဲ့သောကြောင့် ပြိုင်ပွဲတစ်ခုရွေးချယ်ရာ အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် MFF ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် VUC အသင်းက အာရှပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ " နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အသင်းတွေကို အတည်ပြုခဲ့ပေမယ့် ပြိုင်ပွဲကျင်းပမယ့်ကာလအပေါ် မူတည်ပြီး ပြင်ဆင်မှာဖြစ်ပါတယ်။ အာရှပြိုင်ပွဲကို ဒီဇင်ဘာမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် AFC က အတည်ပြုဦးမှာပါ။ အာဆီယံပြိုင်ပွဲကတော့ ၂၀၂၁ ခုနှစ်မှ ကျင်းပမှာဖြစ်ပါတယ်။  အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲကို လာမယ့်နှစ်ကို ရွှေ့ဆိုင်းခဲ့ရင်လည်း VUC အသင်းကိုပဲ ယှဉ်ပြိုင်ခွင့်ပြုမှာပါ" ဟု MFF ဖူဆယ်နှင့် သဲသောင် ပြင်ဘောလုံးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

MIU အသင်းသည် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်လေးကြိမ်စလုံး တတိယဆုရရှိခဲ့သည်။ VUC အသင်းမှာမူ အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် သုံးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်စလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent