COVID-19 ကာလအလွန်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားကောင်းလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကာလအလွန်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားကောင်းလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ- ဌေးလှအောင်)
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ- ဌေးလှအောင်)
Published 11 August 2020

COVID-19 ကာလအလွန်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားကောင်းလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် သြဂုတ် ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ကြက်မွေးမြူရေးအထူးဇုန်သို့ ရောက်ရှိရာ ဒေသခံတောင်သူလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

COVID-19 ကာလအလွန်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အားကောင်းလာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက လုပ်ငန်းများ တိုးချဲ့ရန် ငွေကြေးအခက်အခဲရှိကြောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဝယ်လိုအားရှိသဖြင့် လုပ်ငန်းချဲ့ထွင်မွေးမြူနိုင်ရန်အတွက် လုပ်ငန်းချဲ့ထွင်ချေးငွေရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်တို့ တင်ပြခဲ့ကြကြောင်း သိရသည်။

COVID-19 ရောဂါထိန်းချုပ်မှုကို မထိခိုက်စေဘဲ စီးပွားရေးလုပ်ငန်းများ တတ်နိုင်သမျှ ပြန်လည်ထူထောင်နိုင်ရေးဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

COVID-19 အလွန်ကာလများတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုးမဖြစ်စေဘဲ စျေးကွက်သစ်များ ရရှိရေးဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်းနှင့် COVID-19 အလွန်ကာလများတွင်လည်း မိမိနိုင်ငံ၏  စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုးမဖြစ်စေဘဲ စျေးကွက်သစ်များရရှိရေး စီမံဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 အခြေအနေကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအပြင် ပြည်တွင်းကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊   ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သည့်အပြင် လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု မြှင့်တင်ရေးတွင်လည်း အလေးထားဆောင်ရွက်ရမည့် လယ်ယာထွက်ကုန်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသော ဆန်စပါးများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်လည်း တွန်းအားပေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် COVID-19 အလွန်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇွန် ၁၆ ရက်က ပြောကြားသည်။

“ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် COVID-19 အလွန်ကာလမှာ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်လို့ မြင်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

Most Read

Most Recent