၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၃၇.၅၁ ရာခိုင်နှုန်း ဖြင့် မန္တလေးတိုင်းဒေသကြီးက အောင်ချက် အကောင်းဆုံးဖြစ်

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၃၇.၅၁ ရာခိုင်နှုန်း ဖြင့် မန္တလေးတိုင်းဒေသကြီးက အောင်ချက် အကောင်းဆုံးဖြစ်
Published 9 August 2020
သတင်း - လွင်မျိုးသူ

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၃၇.၅၁ ရာခိုင်နှုန်း ဖြင့် မန္တလေးတိုင်းက အောင်ချက် အကောင်းဆုံးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

မန္တလေးတိုင်း၏ နောက်တွင် စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့ အောင်ချက် ဒုတိယနှင့် တတိယ အကောင်းဆုံးအ ဖြင့် အသီးသီးရပ်တည်နေသည်။

ချင်းပြည်နယ်က ၂၁ ဒသမ ၂၀ ရာခိုင်နှုန်း နှင့် ရှမ်း(အရှေ့)က ၂၀ ဒသမ ၈၉ရာခိုင်နှုန်းတို့ ဖြင့် အောင်ချက် ရာခိုင်နှုန်း အနိမ့်ဆုံးတွင် ရပ်တည်နေသည်။

 

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင်ကျောင်းသား၊ ကျောင်းသူ ၉၁၀၂၂၉ ဦး ဖြေဆိုခဲ့ ပြီး ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရှိသည်။

 

ဆယ်တန်း အောင်စာရင်းများများကို ယနေ့ နံနက် ၀၀:၃၀ နာရီမှစကာ ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.moe.gov.mm နှင့် www.myanmarexam.org တွင် စတင်ကြေညာထားကြောင်း သိရသည်။

Most Read

Most Recent