ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများအရ ဇူလိုင်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၁၀၀၀ နှင့် ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ် ကျပ် ၂၀၅၀၀ စျေးရှိခဲ့ပြီး ပြီးခဲ့သည့်လေးလအတွင်းဖြစ်ပေါ်ခဲ့သည့် ဆန်စျေးထက် ကျဆင်း

ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများအရ ဇူလိုင်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၁၀၀၀ နှင့် ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ် ကျပ် ၂၀၅၀၀ စျေးရှိခဲ့ပြီး ပြီးခဲ့သည့်လေးလအတွင်းဖြစ်ပေါ်ခဲ့သည့် ဆန်စျေးထက် ကျဆင်း
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 8 August 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့်ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများအရ ဇူလိုင်လတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၁၀၀၀ နှင့် ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၅၀၀ စျေးရှိခဲ့ပြီး ပြီးခဲ့သည့် လေးလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးထက် ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများမှာ ဇန်နဝါရီလတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်  ၅၀၀၀၀ သာရှိသော်လည်း ဧပြီ၊ မေနှင့် ဇွန်လတွင် ကျပ် ၅၄၀၀၀ အထိ စျေးတက်ခဲ့သည်။ ဇူလိုင်လတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၁၀၀၀ သာစျေးရှိခဲ့ပြီး ယခင်လများထက် တစ်အိတ်လျှင် ကျပ် ၃၀၀၀ ကျဆင်းခဲ့သည်။

ဧည့်မထ ၂၅ မှတ်ဆန်များမှာ ဇန်နဝါရီလက တစ်အိတ်လျှင် ကျပ် ၁၈၂၀၀ ရှိခဲ့ပြီး မတ်၊ ဧပြီနှင့် မေတွင် ကျပ် ၂၀၈၀၀၊ ဇွန်လတွင် ကျပ် ၂၁၅၀၀ အထိ စျေးတက်ခဲ့သည်။ ဇူလိုင်လတွင် တစ်အိတ်လျှင် ကျပ်၂၀၅၀၀ အထိ စျေးကျခဲ့သည်။

ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၈၂၀၀ ရှိသော်လည်း မတ်၊ ဧပြီနှင့် မေတွင် တစ်အိတ်လျှင် ကျပ် ၂၀၅၀၀ စျေးရှိခဲ့ပြီး ဇွန်လတွင် တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ စျေးအထိ မြင့်တက်ခဲ့သည်။ ဇူလိုင်လတွင်မူ တစ်အိတ်လျှင် ကျပ်၂၁၅၀၀ အထိ စျေးကျခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ၁၀၈ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၁၉၇၀၀ ကျပ်၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၂၀၀၀ အထိ စျေးရှိသေည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၂၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၂၀၀၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၂၀၀ ရှိခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ကျပ် ၄၃၅၀၀၊ ၂၀၁၅ ခုနှစ်က ကျပ် ၄၇၀၀၀၊ ၂၀၁၆ ခုနှစ်က ကျပ် ၄၃၀၀၀၊ ၂၀၁၇ ခုနှစ်က ကျပ် ၄၆၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၅၅၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၆၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကျပ် ၅၁၀၀၀ သာ စျေးရှိခဲ့သည်။

Most Read

Most Recent