ကမ္ဘာ့ရွှေစျေး ၂၀၃၅ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၂၇၀၀၀ ဝန်းကျင် ရှိနေကာ ခြောက်ရက်ဆက်တိုက် ကျပ် ၁၃ သိန်းအထက်တွင် ရှိနေ

ကမ္ဘာ့ရွှေစျေး ၂၀၃၅ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၂၇၀၀၀ ဝန်းကျင် ရှိနေကာ ခြောက်ရက်ဆက်တိုက် ကျပ် ၁၃ သိန်းအထက်တွင် ရှိနေ
Published 8 August 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကမ္ဘာ့ရွှေစျေး ၂၀၃၅ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာစျေးပိတ်ခဲ့ပြီး သြဂုတ် ၈ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၂၇၀၀၀ ဝန်းကျင်ရှိခဲ့ကာ ခြောက်ရက်ဆက်တိုက် ကျပ် ၁၃ သိန်းအထက်တွင် ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ်  ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်တွင် ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်တွင် ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၁၁ လအကြာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၅ ရက်တွင် ကျပ် ၁၃၁၈၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၄၀၀၀ ဖြင့် ယခင်စံချိန်များကို ကျော်လွန်၍ စံချိန်သစ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၄၀၀၀ ဖြစ်သည်။

 ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၆ ရက်တွင် ကျပ် ၁၃၃၄၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ကျပ် ၁၂၁၄၀၀၀ - ၁၂၆၂၂၀၀၊ မတ်တွင် ကျပ် ၁၁၃၆၀၀၀- ၁၂၂၅၀၀၀၊ ဧပြီတွင် ကျပ် ၁၁၄၅၀၀၀- ၁၁၉၄၀၀၀၊ မေတွင် ကျပ် ၁၁၆၉၅၀၀- ၁၂၃၆၀၀၀၊ ဇွန်တွင် ကျပ် ၁၂၀၇၅၀၀- ၁၂၂၀၀၀၀၊ ဇူလိုင်တွင် ကျပ် ၁၂၁၆၀၀၀-၁၃၀၂၀၀၀ ဖြစ်သည်။

Most Read

Most Recent