ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ Mini Housing Project လုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းကို ဒေါ်လာ ငါးသန်းနီးပါးနှင့် ကျပ်သန်း ၃၂၀၀ ကျော်မြှုပ်နှံပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည်

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ Mini Housing Project လုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းကို ဒေါ်လာ ငါးသန်းနီးပါးနှင့် ကျပ်သန်း ၃၂၀၀ ကျော်မြှုပ်နှံပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည်
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေနေသူများကို ယခင်နှစ် ခရီးသွားရာသီက တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငွေဆောင်ကမ်းခြေတွင် လာရောက်အပန်းဖြေနေသူများကို ယခင်နှစ် ခရီးသွားရာသီက တွေ့ရစဉ်
Published 2 August 2020

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ Mini Housing Project လုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းကို ဒေါ်လာ ငါးသန်းနီးပါးနှင့် ကျပ်သန်း ၃၂၀၀ ကျော်မြှုပ်နှံပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ Mini Housing Project လုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၃၂၁၅ ဒသမ ၈၇၉ သန်းနှင့် ဒေါ်လာ ၄ ဒသမ ၉၇၉ သန်းရှိပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၁၇၃ ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၈ ရက်အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံသားများက ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးမှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းတို့မှ ဒေါ်လာ ၂၅၃ သန်းကျော် အပါအဝင် ကျပ် ၁၂၅၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း နှစ်ခု၊ အတည်ပြုလုပ်ငန်းနှစ်ခု စုစုပေါင်းလုပ်ငန်း လေးခု ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြုလုပ်ငန်း နှစ်ခု၊ အတည်ပြုလုပ်ငန်း တစ်ခုနှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလုပ်ငန်း တစ်ခု ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ သုည ဒသမ ၂၉၀ သန်း အပါအဝင် ကျပ် ၃၉၃၂၉ ဒသမ ၁၃၄ သန်းဖြစ်ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၄၀ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခွင့်ပြု/ အတည်ပြုလုပ်ငန်း လေးခုမှာ စက်မှုကဏ္ဍမှတစ်ခု၊ အိမ်ရာ၊ အဆောက်အအုံကဏ္ဍမှ တစ်ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ တစ်ခုနှင့် အခြားကဏ္ဍမှ တစ်ခုဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၈ ရက်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးမှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၃ ခု၊ ဒေါ်လာ ၁၅၉ ဒသမ ၈၁၆ သန်း အပါအဝင် ကျပ်  ၉၈၅၈၈၀ ဒသမ ၂၄၅ သန်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၅၃ ဒသမ ၂၁၆ သန်း အပါအဝင် ကျပ် ၁၂၅၁၂၂၃ ဒသမ ၉၁၅ သန်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၀၂၃၂ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတို့တွင် အများဆုံးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၆၇၆ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၂၀၂၃၂၇၂၀ ဒသမ ၇၇၀ သန်း (ကျပ် ၂၀၂၃၂ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၄၆၇၃ ဒသမ ၁၆၉ ဘီလျံ (လုပ်ငန်း ၈၉ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၃၆၆၆ ဒသမ ၆၆၉ ဘီလျံ (လုပ်ငန်း ၉၀၇ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၃၀၁၃ ဒသမ ၈၀၁ ဘီလျံ (လုပ်ငန်း ၅၂ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၂၀၉၃ ဒသမ ၂၇၃ ဘီလျံ (လုပ်ငန်း ၁၈၆ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၂၀ ဒသမ ၇၉၇ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၉၉ ဒသမ ၈၂၈ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၁၅ ဒသမ ၃၂၉ ဘီလျံ (လုပ်ငန်း ၂၁ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၇၀ ဒသမ ၂၅၉ ဘီလျံ (လုပ်ငန်း ၉၁ ခု)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၂၁၁ ဒသမ ၅၈၉ ဘီလျံ (လုပ်ငန်း ၇၁ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၈၉ ဒသမ ၆၃၅ ဘီလျံ (လုပ်ငန်း ၁၈ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၃၂၇၈ ဒသမ  ၃၆၀ ဘီလျံ (လုပ်ငန်း ၁၆၁ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

Most Read

Most Recent