လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း သုံးသိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၀၆ သန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း သုံးသိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၀၆ သန်းကျော် ပိုမိုရရှိ
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 1 August 2020

လက်ရှိ ဘဏ္ဍာနှစ် ၁၀ လခန့်တွင် ဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့သဖြင့်  ယခင်နှစ်ကာလတူထက် ဆန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း သုံးသိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၀၆ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၂ ဒသ မ ၂၇၈ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆၈၅ ဒသမ ၉၈ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၁ ဒသမ ၉၂ သန်းကျော်သာ တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ သန်း ၅၈၀ နီးပါး ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃၅၇၄၄၄ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၀၆ သန်း ပိုမိုရရှိခဲ့သည်။

ယခုကဲ့သို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ခြင်းက ပြည်ပသို့ ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ ဒီနှစ်မှာ ဆန်တင်ပို့မှုကတော့ ယခင်နှစ်ထက် အနည်းငယ်လျော့ကျတယ်။ ဆန်ကွဲတင်ပို့မှုမှာကျတော့ ယခင်နှစ်ထက် ပိုမိုတင်ပို့ထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄၃ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာသန်း ၄၆၀ နီးပါး ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် တစ်သိန်းကျော် လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၇ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

သို့သော် ဆန်ကွဲတန်ချိန် ၈၄၇၆၂ တင်ပို့မှ ဝင်ငွေဒေါ်လာ ၂၂၇ သန်းနီးပါး ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၄၅၉၈၈၆ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေ ဒေါ်လာ ၁၂၃ သန်း ပိုမိုရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိသည်။

ပင်လယ်ရေကြောင်းမှ ဥရောပ၊ အာဖရိက၊ တရုတ်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး၊ နယ်စပ်လမ်းကြောင်းမှ အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်သို့ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်များ ရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲခန့်အထိ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ တစ်နှစ်ကို ဆန်တန်ချိန် နှစ်သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထား ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၀ ခုနှစ် ဇွန်လမှ စက်တင်ဘာလများအတွက် လိုင်စင်လျှောက်ထားရာတွင် ယခင်လများတွင် ခွင့်ပြုချက်ရရှိသည့် လိုင်စင်များအပေါ် ပြီးပြတ်အောင်တင်ပို့ပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန် ကြေညာလွှာ (ED) ၊ ခွင့်ပြုလိုင်စင်ပမာဏအား အပြည်အဝတင်ပို့နိုင်ခြင်းမရှိဘဲ လိုင်စင်လက်ကျန် ကျန်ရှိပါက အမှန်တင်ပြင်ဆင်အပ်နှံသည့် အထောက်အထား၊ ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် ပမာဏအပေါ် နိုင်ငံတော်အရန် ဆန် ၁၀ ရာခိုင်နှုန်း ကြိုတင်ပေးသွင်းထားပြီးဖြစ်ကြောင်း အထောက်အထားများ ပါရှိရမည်ဖြစ်သည်။

Most Read

Most Recent