ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီ အရောင်းနေရာ စတုရန်းမီတာ ၃၉၀၀၀၀ ဝန်းကျင်ရှိပြီး ငှားရမ်းမှုနှုန်း ၈၈ ရာခိုင်နှုန်းရှိကာ COVID-19 ကြောင့် ယခင်သုံးလပတ်ထက် ငှားရမ်းခ ၁၀ ရာခိုင်နှုန်း ကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီ အရောင်းနေရာ စတုရန်းမီတာ ၃၉၀၀၀၀ ဝန်းကျင်ရှိပြီး ငှားရမ်းမှုနှုန်း ၈၈ ရာခိုင်နှုန်းရှိကာ COVID-19 ကြောင့် ယခင်သုံးလပတ်ထက် ငှားရမ်းခ ၁၀ ရာခိုင်နှုန်း ကျဆင်း
 ရန်ကုန်မြို့ရှိ အဆင့်မြင့် လက်လီ အရောင်းစင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ အဆင့်မြင့် လက်လီ အရောင်းစင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 1 August 2020
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့်လက်လီ အရောင်းနေရာ စတုရန်းမီတာ ၃၉၀၀၀၀ ဝန်းကျင်ရှိလာပြီး ငှားရမ်းမှုနှုန်း ၈၈ ရာခိုင်နှုန်းရှိကာ ယခင်သုံးလပတ်ထက် ငှားရမ်းခ ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Colliers International (Myanmar) ၏ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ် စျေးကွက်သုံးသပ်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း  အဆင့်မြင့် လက်လီအရောင်းနေရာသစ်ထွက်ရှိမှု စတုရန်းမီတာ ၂၈၀၀၊ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စတုရန်း မီတာ ၅၇၀၀  ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ်တွင် နေရာသစ်ထပ်မံမထွက်ရှိ ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလ ပတ်တွင် စတုရန်းမီတာ ၁၀၀၀၀ ဝန်းကျင် ထပ်မံထွက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် တစ်နှစ် လုံးတွင် လက်လီအရောင်းနေရာသစ် စတု ရန်းမီတာ ၈၀၀၀၀ ဝန်းကျင်ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် စတုရန်းမီတာ ၅၁၀၀၀ ကျော်ထွက်ရှိခဲ့ကာ လာမည့် ၂၀၂၁ ခုနှစ်အထိ စတုရန်းမီတာ ၂၄၀၀၀ ကျော် ထပ်မံထွက်ရှိရန် မျှော်မှန်းထားသည်။ ငှား ရမ်းမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံး လပတ်တွင် ၈၈ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ပေါ် ခဲ့ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကာ COVID-19 ကပ်ရောဂါကြောင့် စျေးဝယ် စင်တာများသို့ လူအများလာရောက်မှု ကျဆင်းလာသည့်အခြေအနေနှင့် ရင်ဆိုင် နေရဆဲဖြစ်သည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်အ ဆောက်အအုံသစ်များထပ်မံပေါ်ထွက်လာ မှုနှင့်အတူ လက်လီစျေးဝယ်စင်တာအသစ် များတိုးပွားလျက်ရှိပြီး ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်အတွင်း သာကေတမြို့နယ်ရှိ Fortune Plaza Phase I စျေးကွက်ဝင် ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ် တွင် သီလဝါရှိ AEON Orange Hypermarket ၊ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင်  Time City နှင့် Secretariat ၊ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် City Mart Supermarket (Thanlyin) စျေးကွက်ဝင်ရောက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း M Terminal & M Tower Shopping Mall၊ The Central Boulevard-Phase1,2 ၊ The One Shopping Mall ၊ Inno City တို့ စျေးကွက်ဝင်ရောက်လာမည်ဟု မျှော်မှန်း ထားပြီး ၂၀၂၁ ခုနှစ်တွင် The Garden  နှင့် Yoma Central တို့ကဲ့သို့ စီမံကိန်းအသစ်များ စျေးကွက်ဝင်ရောက်လာမည်ဟု ခန့် မှန်းထားသည်။

ခေတ်မီ မြို့ပြပိုဆန်လာသည့် ရန်ကုန်မြို့အတွင်း ထပ်မံပေါ်ထွက်လာမည့် စျေးဝယ်စင်တာများအနေဖြင့် လူအများစိတ်ဝင်စားနိုင်မည့် တီထွင်ဖန်တီးမှုအသစ်များ၊ ဝန်ဆောင်မှုအသစ်များ ထည့်သွင်းနိုင်ရန် အားထုတ်ရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသည့် E-Commerce ၏ စိန်ခေါ်မှုကို ရင်ဆိုင်လာရသည်။ မတူ ကွဲပြားသော အစားအသောက်ရောင်းချ သည့်နေရာများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စိတ်အပန်းပြေစေသည့်လုပ်ငန်းများသည် အနာဂတ်စျေးဝယ်စင်တာများအတွက် အခွင့်အလမ်း တိုးမြင့်စေမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိစျေးဝယ်စင်တာများတွင်  ငှားရမ်းဖွင့်လှစ်ထားသောဆိုင်ခန်းများတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း ဆိုင်များက ၅၅ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များက ၁၈ ရာခိုင်နှုန်း၊  Special Store ဆိုင်များက ၉ ရာခိုင်နှုန်း၊  ကျန်းမာရေး၊ အလှအပရေးရာဆိုင်များက  ၇ ရာခိုင်နှုန်း၊ အခြားဆိုင်များက ၁၁ ရာခိုင် နှုန်းပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်စျေးဝယ်စင်တာနေရာများတွင် Shopping Mall ၆၉ ရာခိုင်နှုန်း၊ Supportin Retail ၁၅ ရာခိုင်နှုန်း၊ Hyper Market  ၉ ရာခိုင်နှုန်း၊ Department Store ၈ ရာခိုင်နှုန်း ပါဝင်သည်။ အဆင့်မြင့် စျေးဝယ်စင်တာများသည် ရန်ကုန်မြို့လယ် တွင် ၂၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တွင်းတွင် ၅၈ ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင်တွင် ၁၈ ရာခိုင် နှုန်းရှိသည်။

မြို့ပြနှင့်လျော်ညီသော စျေးဝယ်ပုံစံကို ပြောင်းလဲနေခြင်းကြောင့် စျေးဝယ်စင်တာ အသစ်များပေါ်ထွက်နေသော်လည်း ငှားရမ်းလိုသူများပြားလျက်ရှိသည်။ စျေးဝယ်စင်တာအသစ်များလည်း ပုံမှန်ဆက်လက် ဖွင့်လှစ်နေပြီး လာမည့် ၂၀၂၁ ခုနှစ် နှစ် ကုန်ပိုင်းတွင် အဆင့်မြင့် လက်လီအရောင်းနေရာပေါင်း စတုရန်းမီတာ ၄၄၀၀၀၀ ဝန်း ကျင်ရှိမည်ဟု မျှော်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် အဆင့်မြင့်လက်လီအရောင်းနေရာငှားရမ်းမှုနှုန်းထားအနေဖြင့်လည်း ၈၈ ရာခိုင်နှုန်း   ဝန်းကျင်ရှိနေပြီး ပျမ်းမျှငှားရမ်းခနှုန်းထား မှာလည်း တစ်စတုရန်းမီတာလျှင် ၂၅ ဒေါ် လာဝန်းကျင်ရှိပြီး၂၀၂၀ ပြည့်နှစ် ပထမသုံး လပတ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စျေးဝယ်စင်တာအသစ် များ ဆက်လက်ထွက်ပေါ်လာသော်လည်း ငှားရမ်းလိုသူ များပြားသောကြောင့် လာ မည့် တစ်နှစ်မှ နှစ်နှစ်အတွင်း အဆင့်မြင့် လက်လီအရောင်းနေရာ ငှားရမ်းခနှုန်းထား များ အနည်းငယ်မြင့်တက်မည်ဟု      Colliers International Myanmar မှ မျှော်မှန်းထား သော်လည်း လတ်တလော COVID-19  ကြောင့် စျေးဝယ်စင်တာများရှိ ဆိုင်ခန်းများ ဆုံးရှုံးမှုနည်းပါးစေရန် ဆိုင်ခန်းငှားရမ်းခ များကို ညှိနှိုင်းလျှော့ချပေးနေရကြောင်း သိ ရသည်။                                   

 

Most Read

Most Recent