၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကျင်းပရေး အစိုးရနှင့် NCA-S EAOရန်ကုန်မြို့တွင် ညှိနှိုင်း အစည်းအဝေးပြုလုပ်နေပြီး ညီလာခံအချိန်ဇယား အတည်ပြုမည်ဟု NRPC ဒုတိယဥက္ကဋ္ဌ ပြောကြား

၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကျင်းပရေး အစိုးရနှင့် NCA-S EAOရန်ကုန်မြို့တွင် ညှိနှိုင်း အစည်းအဝေးပြုလုပ်နေပြီး ညီလာခံအချိန်ဇယား အတည်ပြုမည်ဟု NRPC ဒုတိယဥက္ကဋ္ဌ ပြောကြား
အစိုးရနှင့် NCA-S EAO အစည်းအဝေးအား ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်စဉ်
အစိုးရနှင့် NCA-S EAO အစည်းအဝေးအား ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်စဉ်
Published 25 July 2020
မင်းနိုင်စိုး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးနှင့်ပတ်သက်၍ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အကြား ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC) တွင် ဇူလိုင် ၂၅ ရက်၌ ညှိနှိုင်းအစည်းအဝေးပြုလုပ်နေပြီး ယခု အစည်းအဝေးတွင် ညီလာခံအချိန်ဇယားကို အတည်ပြုမည်ဟု NRPC ဒုတိယ ဥက္ကဋ္ဌ (၂) ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ယခုအစည်းအဝေးအား ဇူလိုင် ၂၅ ရက် မှ ၂၇ ရက်အထိ သုံးရက်ကြာပြုလုပ်ရန် လျာ ထားပြီး COVID-19 ရောဂါကြောင့် မျက်နှာစုံညီအစည်းအဝေးအား ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကာ ယခင်အစည်းအဝေးတချို့တွင် ကပ်ရောဂါကြောင့် Online Video Conferencing စနစ် ဖြင့် ပြုလုပ်ခဲ့ရသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအ ဝေးကို သြဂုတ်လ ဒုတိယပတ်အတွင်း ကျင်း ပဖို့ လျာထားချက်ကို ကျွန်တော်တို့တစ်တွေ မူအားဖြင့် ညှိနှိုင်းသဘောတူထားပြီး ဖြစ် ပါတယ်။ အခု အစည်းအဝေးမှာ ဒီအချိန် ဇယားကိုလည်း အတည်ပြုဖို့ ရှိပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် သဘောတူညီချက် များ ထည့်သွင်းချုပ်ဆိုနိုင်ရေးအတွက် အစိုးရ နှင့် NCA-SEAO  တို့ ညှိနှိုင်းအစည်းအဝေး ခြောက်ကြိမ်ပြုလုပ်ထားပြီး သဘောတူညီချက်များလည်း ရယူထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ ညှိနှိုင်းအစည်းအဝေး ခြောက်ကြိမ်မှ ရရှိထားသော သဘောတူညီချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တင်ပြ၍ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

အစိုးရနှင့် NCA-S EAO အကြား နှစ်ဖက်သဘောတူလိုလားချက်များနှင့်ပတ်သက်၍ အကြေအလည် ဆွေးနွေးခဲ့ကြသကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လည်း နှစ်ဖက်လက်ခံနိုင်သော သဘောထား များကို ရရှိပြီးဖြစ်မည်ဟုလည်း ယုံကြည် ကြောင်း၊ ယခုအစည်းအဝေးတွင် သဘော တူညီချက်များ ထပ်မံရရှိမည်ဟု မျှော်လင့် ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးက ပြောကြားသည်။

လက်ရှိအချိန်သည် COVID-19 ကာလဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ကြိုတင်ဆောင် ရွက်ဖွယ်ရာများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း၊ ယခုအချိန် တွင် ညီလာခံသို့ တက်ရောက်မည့် NCA-S EAO နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ စာရင်းနှင့် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ စာရင်းကို ပေးပို့ထားပြီးဖြစ်ကြောင်းလည်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြား သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား သြဂုတ်လ ဒုတိယပတ်တွင် ကျင်းပမည်ဖြစ် သည့်အတွက် ယခုပြုလုပ်သော အစိုးရနှင့် NCA-S EAO တို့၏ သုံးရက်တာ ညှိနှိုင်းအ စည်းအဝေးတွင် ယခင်အစည်းအဝေးများ၌ ချန်လှပ်ထားခဲ့သော ဆက်လက်ညှိနှိုင်းရန် အချက်များကို သဘောတူညီချက်ရရှိအောင် ညှိနှိုင်းဆွေးနွေးသွားရမည်ဖြစ်သည်ဟုလည်း NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“ဒီသုံးရက်တာ အစည်းအဝေးမှာ ဆွေး နွေးရမယ့် အကြောင်းအရာတွေထဲမှာ အဓိက ကျတဲ့ အရေးပါတဲ့ အကြောင်းအရာတွေ ပါဝင်နေလို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအ နေနဲ့ နှစ်ဖက်လက်ခံနိုင်တဲ့ သဘောတူညီ ချက်ရရှိအောင် ညှိနှိုင်းဆွေးနွေးဖို့ လိုအပ် ပါတယ်။ မျှတတဲ့၊ ထိုက်သင့်တဲ့ အလျှော့အ တင်းတွေကို နှစ်ဖက်စလုံးက ဆောင်ရွက် သင့်ကြောင်း တိုက်တွန်းလိုပါတယ်”ဟု ဗိုလ် မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ပြည်ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ၊ (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စရပ် များ၊ ညီလာခံနှင့်ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ယခုအစည်းအဝေး တွင် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြား သည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကို COVID-19 ကပ်ရောဂါ အခြေအနေအောက်တွင် ကျင်းပရမည်ဖြစ်၍ ညီလာခံ အခင်းအကျင်းကို ပြောင်းလဲကျင်းပရန်ရှိ သော်လည်း အဓိပ္ပာယ်ရှိသော၊ အနှစ်သာရ ပြည့်ဝသော၊ ရလဒ်ကောင်းထွက်ရှိသော ညီ လာခံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့သည်။                 

 

 

Most Read

Most Recent