ဘာစီလိုနာအသင်းဘုတ်အဖွဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက်ဆယ်တီယန်ကို ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ခွင့်ပြု

ဘာစီလိုနာအသင်းဘုတ်အဖွဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးနောက်ဆယ်တီယန်ကို ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ခွင့်ပြု
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 19 July 2020

ဘာစီလိုနာအသင်း ဘုတ်အဖွဲ့သည် ဆယ်တီယန်အား လာလီဂါလက်ကျန် တစ်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း Diario Sport နှင့် Mundo Deportivo သတင်းစာက စနေနေ့တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်း ဘုတ်အဖွဲ့သည်  အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီးနောက် ဖိအားများနေသည့် နည်းပြ ဆယ်တီယန်ကို ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ကြာသပတေးနေ့က အိုဆာဆူနာအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီးနောက် လာလီဂါချန်ပီယံဆုလက် လွှတ်ခဲ့ရသဖြင့် ဘုတ်အဖွဲ့ အရေးပေါ်အစည်း အဝေးပြုလုပ်၍ ဆယ်တီယန်၏အနာဂတ် အတွက် ဆွေးနွေးတိုင်ပင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဘာစီလိုနာအသင်း ဘုတ်အဖွဲ့သည် ဆယ်တီယန်အား လာလီဂါလက်ကျန် တစ်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း Diario Sport နှင့် Mundo Deportivo သတင်းစာက စနေနေ့တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။ 

အိုဆာဆူနာအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းခေါင်းဆောင် မက်ဆီက ချန်ပီယံလိဂ်မတိုင်မီ အပြောင်းအလဲကြီးကြီးမားမားလုပ်ရန် လိုအပ်ကြောင်း နှင့် ယခုပုံစံအတိုင်း ဆက်ကစားပါက ချန်ပီယံလိဂ်တွင်လည်း နာပိုလီအသင်းကို ရှုံးနိမ့်မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

ဆယ်တီယန်ကလည်း ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ "ကျွန်တော်က အသင်းရဲ့မန်နေဂျာဖြစ်လို့ ဒီအခြေအနေအတွက် တာဝန်ရှိပါတယ်။ နွေရာသီမှာကစားရမယ့် ချန်ပီယံလိဂ် မှာ ကွဲပြားခြားနားတဲ့အသင်းအဖြစ် မြင်တွေ့ ရဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ကိုယ်တိုင်မသိပါဘူး။ ပွဲအပြီးမှာ လီယွန်နယ်မက်ဆီက ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်လို့ ပြောသွားတာကို ကျွန် တော်သဘောတူပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့်ရက်သတ္တပတ်တွေမှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ပြင်ဆင်ရမှာပါ" ဟု ဝန်ခံပြော ပြောကြားထားသည်။

ဘာစီလိုနာအသင်းသည် လာလီဂါ ရာသီပိတ်ပွဲစဉ်အဖြစ် ဇူလိုင် ၁၉ ရက် (ယနေ့) တွင် အလာဗတ်စ်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့အဖြစ် သြဂုတ် ၈ ရက်တွင် နာပိုလီအသင်းနှင့် အိမ်ကွင်းပွဲ ကစားရမည်ဖြစ်သည်။ ဘာစီလိုနာအသင်းသည် နာပိုလီအသင်းနှင့် ချန်ပီယံလိဂ် ပထမအကျော့ အဝေးကွင်းပွဲတွင် တစ်ဂိုးစီသရေကျထားသည်။

Most Read

Most Recent