အသင်းလက်မဲ့ဖြစ်နေသည့် မြတ်ကောင်းခန့် အသင်းဟောင်းရတနာပုံနှင့် စတင်ပူးပေါင်း

အသင်းလက်မဲ့ဖြစ်နေသည့် မြတ်ကောင်းခန့် အသင်းဟောင်းရတနာပုံနှင့် စတင်ပူးပေါင်း
Photos: Myat Kaung Khant Facebook
Photos: Myat Kaung Khant Facebook
Published 19 July 2020

မြတ်ကောင်းခန့်သည် ယခုရာသီအစတွင် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကာလတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့သောကြောင့် အသင်းလက်မဲ့ဖြစ်နေပြီး အသင်းဟောင်းတွင် ပြန်ကစားရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ 

ရတနာပုံအသင်းသို့ ပြန်လည်ရောက်ရှိ လာသည့် ကွင်းလယ်ကစားသမား မြတ်ကောင်း ခန့်သည် အသင်းနှင့် စတင်ပူးပေါင်းနေပြီဖြစ်ကြောင်း သိရသည်။

မြတ်ကောင်းခန့်သည် ယခုရာသီအစတွင် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကာလတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့သောကြောင့် အသင်းလက်မဲ့ဖြစ်နေပြီး အသင်းဟောင်းတွင် ပြန်ကစားရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ 

ရတနာပုံအသင်းသည် ဇူလိုင်  ၁၄ ရက်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိပြီး မြတ်ကောင်းခန့်မှာလည်း စတင် လေ့ကျင့်နေပြီဖြစ်သည်။ မြတ်ကောင်းခန့် သည် ၂၀၁၈ နှင့် ၂၀၁၉ ရာသီက ရတနာပုံအသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ဖိလစ် ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ခြေစွမ်းပြကစားနိုင်သဖြင့် ထိုင်းကလပ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent