FA ဖလား ဆီမီးဖိုင်နယ်မတိုင်မီ ချယ်လ်ဆီး နှစ်ရက်ပိုနားရခြင်းမှာ မမျှတဟု ဆိုးလ်ရှား ဝေဖန်

FA ဖလား ဆီမီးဖိုင်နယ်မတိုင်မီ ချယ်လ်ဆီး နှစ်ရက်ပိုနားရခြင်းမှာ မမျှတဟု ဆိုးလ်ရှား ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 17 July 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက FA ဖလား ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ပြိုင်ဘက် ချယ်လ်ဆီးအသင်း နားရက် (၂)ရက်ပိုရခြင်းမှာ မမျှတကြောင်း ဝေဖန်ပြောကြားသည်။

    

မန်ယူနှင့် ချယ်လ်ဆီးအသင်းသည် တနင်္ဂနွေနေ့တွင် FA ဖလား ဆီမီးဖိုင်နယ်အဖြစ် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

FA ဖလားမတိုင်မီ  ပရီးမီးယားလိဂ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းက အင်္ဂါနေ့တွင် အိမ်ကွင်းကစားခဲ့ရသော်လည်း မန်ယူအသင်းမှာမူ ကြာသပတေးနေ့မှသာ ပဲလေ့စ်အသင်းနှင့် အဝေးကွင်းကစားရသဖြင့် ဆိုးလ်ရှားက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

"စိုးရိမ်စရာတစ်ခုရှိပါတယ်။ သူတို့က (၄၈)နာရီကြာ အနားယူချိန်ပိုရထားပြီး အင်အားပြန်ပြည့်ဖို့ ကျွန်တော်တို့ထက် အချိန်ပိုရထားတာပါပဲ။ ဒါက မမျှတပါဘူး။ ပြိုင်ပွဲတွေပြန်စတဲ့အချိန်မှာ ပွဲစဉ်တွေမျှတမှုရှိဖို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်မလာပါဘူး။ ကျွန်တော်တို့အနေနဲ့ (၃)ရက်၊ (၁)ပွဲနှုန်း မကစားဖူးပေမယ့် အခုတော့ ကစားနေရပါပြီ။ လာမယ့် ရက်သတ္တပတ် (၂)ပတ်ကတော့ တော်တော်လေးအလုပ်များမှာပါ။ ဒါပေမဲ့ အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော့်ချာတိတ်တွေက အခုလို ကြံ့ခိုင်မှုပြည့်ဝနေတဲ့ အခြေအနေမျိုး အရင်နှစ်တွေမှာတောင်မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီကုန်မှာ ဒဏ်ရာတွေကြုံခဲ့ရပေမယ့် ဒီနှစ်တော့ ပြဿနာမရှိပါဘူး" ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းနှင့် (၃)ပွဲဆုံတွေ့ရာ အိမ်ကွင်း၌ (၄-ဝ) ဂိုး၊ အဝေးကွင်း၌ (၁-၂) ဂိုး၊ (ဝ-၂) ဂိုးဖြင့် (၃)ပွဲစလုံး အနိုင်ရထားသည်။

Most Read

Most Recent