ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံများသို့ ဇွန်လဒုတိယပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၈၅၀၀ နီးပါးတင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၅၀၀ ခန့်၊ အီးယူသို့ ဆန်တန်ချိန် ၅၆၀၀ ခန့်နှင့် အာဖရိကသို့ တန် ၃၃၄၀ တင်ပို့

ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံများသို့ ဇွန်လဒုတိယပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၈၅၀၀ နီးပါးတင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၅၀၀ ခန့်၊ အီးယူသို့ ဆန်တန်ချိန် ၅၆၀၀ ခန့်နှင့် အာဖရိကသို့ တန် ၃၃၄၀ တင်ပို့
  ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 10 July 2020
နီလာ

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဇွန်လဒုတိယပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၈၅၀၀ နီးပါး တင်ပို့ခဲ့ပြီး  အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၅၀၀ ခန့်၊ အီးယူသို့ ဆန်တန်ချိန် ၅၆၀၀ ခန့်နှင့် အာဖရိကသို့ တန် ၃၃၄၀ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဇွန် ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၇ ဒသမ ၄၀၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၈၅၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း၊ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ တန်ချိန် ၉၅၀၀ ခန့်၊ အီးယူနိုင်ငံသို့ ဆန်တန်ချိန် ၅၆၀၀ ခန့်၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၃၃၄၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၄၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတင်ပို့မှု ဒေါ်လာ ၄ ဒသမ ၉၁၂ သန်း၊ ဆန်ကွဲတန်ချိန် ၁၆၉၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး တင်ပို့နိုင်မှုအနေဖြင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၂၇၀၀ ခန့်၊  အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၇၅၀ နီးပါး၊ အာဖရိကနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၀၀ နီးပါး တင်ပို့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၉၀၀ ကျော် လျော့နည်းတင်ပို့နိုင်ကြောင်း သိရသည်။

ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၄၂၀၀၀ ကျော် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့် နှုှုိင်းယှဉ်လျှင် တန်ချိန် ၅၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။  

လက်ရှိဘဏ္ဍာနှစ် လေးလခွဲကျော်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၃၆၀ ခန့် ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၄၂ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၆၃၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၉ နိုင်ငံသို့ ဆန်တန်ချိန် ၈၆၈၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိထားသည်။

ထို့အတူ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၃၀၀၀ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော် ရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၈၀၀၀ ခန့် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော် ရရှိထားပြီး စုစုပေါင်းတင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းကျော်ရှိသည်။

ပင်လယ်ရေကြောင်းတင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သန်းကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၆ ရာခိုင်နှုန်းကျော်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၉  ဒသမ  ၆၉၃ သန်း ရရှိိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent