၂၅ လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးချေးငွေ အတွက် မြန်မာ့စီးပွားရေးဘဏ် နှစ်ဆင့်ချေးငွေမှ ကျပ် ၁၆ ဒသမ ၁၂၅ ဘီလျံကျော် ထုတ်ချေးထား

၂၅ လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးချေးငွေ အတွက် မြန်မာ့စီးပွားရေးဘဏ် နှစ်ဆင့်ချေးငွေမှ ကျပ် ၁၆ ဒသမ ၁၂၅ ဘီလျံကျော် ထုတ်ချေးထား
Published 4 July 2020

၂၅ လအတွင်း တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ ဖြိုးရေးချေးငွေအဖြစ် မြန်မာ့စီးပွားရေး ဘဏ်မှ နှစ်ဆင့်ချေးငွေ(MEB Two Step Loan) ကျပ် ၁၆ ဒသမ ၁၂၅ ဘီလျံကျော် ထုတ်ချေးထားပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၅ လအတွင်း တိုင်းဒေသကြီးနှင့်ပြည် နယ်အလိုက် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ ဖြိုးရေးချေးငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်    မှ နှစ်ဆင့်ချေးငွေအဖြစ် စုစုပေါင်းကျပ် သန်း ၁၆၁၂၅ ဒသမ ၉၈၉ ထုတ်ချေးထား ခြင်းဖြစ် ပြီး မကွေးတိုင်းဒေသကြီးတွင် ကျပ်  ၃၉၈၇ ဒသမ ၁၃၀ ဖြင့် အများဆုံးထုတ် ချေးထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ထုတ်ချေးထားမှုတွင် ကချင်ပြည်နယ်တွင် ၂၉၀ ဒသမ ၆၀၀ သန်း၊ ကယားပြည်နယ် တွင် ကျပ် ၂၈၄ ဒသမ ၉၀၅ သန်း၊ချင်း ပြည် နယ်တွင် ကျပ်၂၀ ဒသမ ၅၀၀ သန်း၊စစ် ကိုင်း တိုင်းဒေသကြီးတွင် ကျပ် ၂၆၇၇ ဒသမ ၀၂၃ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ် ၁၄၀ ဒသမ ၃၈၂ သန်း၊ပဲခူးတိုင်း ဒေသ ကြီး ကျပ် ၇၇၂ ဒသမ ၁၈၀ သန်း၊မကွေးတိုင်း ဒေသကြီးတွင် ကျပ် ၃၉၈၇ ဒသမ ၁၃၀ သန်း၊  မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၃၁၄၁ ဒသမ ၈၄၀ သန်း၊ရခိုင်ပြည်နယ်တွင် ကျပ် ၂၁၆ ဒသမ ၃၅၅ သန်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ကျပ်၁၄၆၀ ဒသမ၈၀၂ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ်၂၈၄ သန်း၊   ရှမ်း ပြည်နယ်တွင် ကျပ် ၁၉၉၁ ဒသမ ၆၃၅ သန်းစသည်ဖြင့် ထုတ်ချေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန် ချက်ကိုကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊  သတင်းအချက်အလက်ယူနစ်မှ   ဖော်ပြထား သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တောင် သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေကို  ကျပ် ၁၇၄၇ ဘီလျံထုတ်ချေးမည်ဖြစ်ပြီး ယခင်နှစ် ထက် ကျပ် ၆၃ ဘီလျံပိုမိုထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။

“စိုက်ပျိုးစရိတ်ချေးငွေတွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျပ် ၁၆၈၄ ဘီလျံထုတ်ချေး ခဲ့ရာက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်  ၁၇၄၇ ဘီလျံအထိ ထုတ်ချေးပေးမှာဖြစ်ပါ တယ်။ တောင်သူလယ်သမားတွေရဲ့ စပါး တစ်ဧက စိုက်ပျိုးချေးငွေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျပ်တစ်သိန်းမှတစ်သိန်း ခွဲအထိ၊အခြားသီးနှံတွေအတွက် တစ်ဧက ချေးငွေနှုန်းကို ယခုဘဏ္ဍာရေးနှစ်မှာ ကျပ်  ၅၀၀၀၀ မှတစ်သိန်းအထိ တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး    ဦးစိုးဝင်း က ပြောကြားထားသည်။

၂၀၁၆-၂၀၁၇ ခု နှစ် တွင် စပါးချေးငွေ   နှုန်းထားကို တစ်ဧက ကျပ်တစ်သိန်းမှ တစ်သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်နှစ်သောင်းမှ ငါးသောင်းသို့လည်း ကောင်း၊ ၂၀၁၈-၂၀၁၉် တွင်ကျပ်ငါးသောင်းမှတစ်သိန်း သို့လည်း   ကောင်း ချေးငွေနှုန်းထား တိုးမြှင့်ခဲ့သည်။

Most Read

Most Recent