ပဲခူးမြို့ ကလိဆေးရုံသို့ ရောက်ရှိလာသော COVID-19 Positive လူနာ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဆေးစစ်မှုအဖြေတွင် ပိုးမတွေ့ရှိ၍ ဆေးရုံဆင်းခွင့်ပြု

ပဲခူးမြို့ ကလိဆေးရုံသို့ ရောက်ရှိလာသော COVID-19 Positive လူနာ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဆေးစစ်မှုအဖြေတွင် ပိုးမတွေ့ရှိ၍ ဆေးရုံဆင်းခွင့်ပြု
ပဲခူးမြို့ ကလိဆေးရုံကို တွေ့ရစဉ်
ပဲခူးမြို့ ကလိဆေးရုံကို တွေ့ရစဉ်
Published 22 June 2020
မောင်အေး (ပဲခူး)

ပဲခူးမြို့ ကလိဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော COVID-19 Positive လူနာ၏ ဒုတိယအကြိမ် ဆေးစစ်မှုကို ဇွန် ၁၂ ရက်နှင့် တတိယအကြိမ် ဆေးစစ်မှုကို ဇွန် ၁၅ ရက်တွင် ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်လုံးတွင် ပိုးမတွေ့ရှိကြောင်း သိရကာ ဇွန်၂၂ ရက်တွင် ပဲခူးပြည်သူ့ဆေးရုံသစ်ကြီးမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆေးရုံက COVID-19 Case-233 ကတော့ ဒီနေ့မနက်ပဲ ညောင်လေးပင်က သူ့နေအိမ်ကို ပြန်ပို့လိုက်ပါပြီ။ နေအိမ်မှာ တစ်ပတ် Home Isolation နေထိုင်ရမယ်။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ Positive လူနာက ရောက်လာကတည်းက ကျန်းမာရေး ကောင်းတယ်။ ရောဂါလက္ခဏာလည်း မပြဘူး။ အခု ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ဆေးစစ်မှု နှစ်ကြိမ်လုံး Negative ထွက်တယ်။ ပိုးမရှိဘူးလို့ အဖြေရပါတယ်။ ဒုတိယအကြိမ်ကို ဇွန် ၁၂ ရက်နဲ့ တတိယအကြိမ်ကို ဇွန် ၁၅ ရက်က ပေးပို့ စစ်ဆေးခဲ့တာပါ။ သူက ဆရာ ဆရာမတွေ ပြောတဲ့အတိုင်းလည်း လိုက်နာနေထိုင်တယ်။ ကုသရေးအဖွဲ့ကလည်း အထူးကြပ်မတ်ပြီး ကုသပေးတယ်။ တစ်နေ့ နှစ်ကြိမ်အထက်ကို Result ပေးပို့တယ်။ အခု တတိယအကြိမ်စစ်လို့ ပိုးမတွေ့ဘူးဆိုတော့ ကော်မတီအဖွဲ့ရဲ့ ဆ ုံးဖြတ်ချက်ရယူပြီး ဆေးရုံက ဆင်းခွင့်ပြုခဲ့တာပါ” ဟု ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောကြားသည်။

ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ရောဂါပျောက်ကင်းသွားသော ပိုးတွေ့လူနာ Case-233 မှာ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မှ ၂၆ နှစ်အရွယ် အမျိုးသားဖြစ်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မေ ၂၅ ရက်က မြဝတီနယ်စပ်မြို့မှတစ်ဆင့် ပြန်ရောက်လာသူ ဖြစ်ကြောင်း သိရသည်။

မေ၂၆ ရက်တွင် ပဲခူးမြို့နယ် ဘုရားကြီးမြို့သို့ ရောက်ရှိပြီး ဘုရားကြီးမြို့ စက်မှုလယ်ယာ Quarantine ၌ နေထိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ညောင်လေးပင်မြို့ Quarantine သို့ မေ၂၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ ထို့ နောက် ပြွန်တန်ဆာမြို့ Quarantine သို့ မေ ၃၀ ရက်တွင် ရောက်ရှိကြောင်း၊ ဇွန် ၁ ရက် တွင် နှာခေါင်းတို့ဖတ် စစ်ဆေးရန် NHL သို့ ပေးပို့ခဲ့ပြီး ရောဂါပိုးတွေ့ရှိခဲ့၍ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ဇွန် ၃ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 

Most Read

Most Recent