ထားဝယ်​-​ရေး လမ်းပိုင်း မီးရထားသံလမ်​းနံ​ဘေးက အသက်​မဲ့သွား​သော ပန်​း​ရောင်​အိမ်​​က​လေး

ထားဝယ်​-​ရေး လမ်းပိုင်း မီးရထားသံလမ်​းနံ​ဘေးက အသက်​မဲ့သွား​သော ပန်​း​ရောင်​အိမ်​​က​လေး
ထားဝယ်-ရေး မီးရထားလမ်းပိုင်းတွင် သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သော ပန်းရောင်အိမ်ကလေးနှင့် အသတ်ခံရသည့် မိသားစုသုံးဦးပါ ဗီနိုင်းကို တွေ့ရစဉ်
ထားဝယ်-ရေး မီးရထားလမ်းပိုင်းတွင် သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သော ပန်းရောင်အိမ်ကလေးနှင့် အသတ်ခံရသည့် မိသားစုသုံးဦးပါ ဗီနိုင်းကို တွေ့ရစဉ်
Published 21 June 2020
ဖြိုးဇင်​(ထားဝယ်​)

တနင်္သာရီတိုင်​း​ဒေသကြီး ထားဝယ်​ခရိုင်​ ​ရေဖြူမြို့နယ်​အတွင်​းရှိ ထားဝယ်​-​ရေး ပြည်​​ထောင်​စုလမ်​းမကြီး​ပေါ်က မိုင်​တိုင်​အမှတ်​ ၂၃ မိုင်​ ၄ ဖာလုံတွင်​ ဖြစ်​သည်​​။ မီးရထားလမ်းနှင်​့ ကားလမ်​းဖြတ်​သည်​့​နေရာ ဖြစ်​​သော​ကြောင်​့ မီးရထားဖြတ်​ပါက ကားလမ်​းကို​ ခေတ္တပိတ်​ရန်​​ မောင်းတံနှစ်ခုက မီးရထားသံလမ်​း၏တစ်ဖက်​တစ်ချက်​စီတွင်​ ရှိနေသည်​။ ကားလမ်​းနှင်​့ မီးရထားလမ်​းဆုံရာမှ ​ပေ ၃၀ ခန်​့အကွာတွင်​​ အိမ်​​ရှေ့မျက်​နှာစာကို ပန်​း​ရောင်​​ဆေးသုတ်ထားသည်​့ မီးရထားသံလမ်​းဂိတ်​​စောင်​့ ဝန်​ထမ်​း​နေထိုင်​​သော ၁၅ ​ပေ _ ၁၀ ​ပေခန့်ရှိ ပန်းရောင်အိမ်လေး တစ်​လုံးရှိသည်​။ အိမ်​၏အ​ရှေ့ဘက်​တွင်​ မီးရထားသံလမ်​းရှိပြီး အ​နောက်​ဘက်​တွင်​ စမ်းချောင်​း​လေးတစ်​ခုက တသွင်​သွင်​စီးဆင်​း​နေသည်​။ စိမ်​းစို​နေသည်​့​ တောင်​တန်​းနှင်​့ သစ်​ပင်များရှိသည်​့ ဝန်းကျင်​တွင်​ မီးရထားလမ်​းနှင်​့ ကားလမ်​းနံ​ဘေးရှိ အဆိုပါပန်​း​ရောင်​အိမ်​က​လေးက ​နေချင်​့စဖွယ်​အနေအထားဖြင်​့ တည်ရှိနေသည်​။

လွန်​ခဲ့သည်​့ သုံးနှစ်​ခန်​့မှစ၍ အဆိုပါအိမ်​က​လေးကို မီးရထားသံလမ်​း ​ဂိတ်စောင်​့တာဝန်​ဖြင်​့ကို အောင်ကျော်ထွန်​းတို့ မိသားစု​ရောက်​လာခဲ့သည်​။​ ရေနံ​ချေးသုတ်​ထား​သော ယင်​းအိမ်​က​လေး၏အိမ်​​ရှေ့ မျက်နှာစာကို ပန်​း​ရောင်​​သင်္ဘော ဆေးသုတ်​ပြီး ပန်​း​ရောင်​အိမ်​ကလေးအဖြစ်​ အသက်​သွင်​းခဲ့သည်​။ ၎င်းတို့ စတင်​ရောက်​ရှိချိန်​က သားဦး​လေးမှာ နှစ်နှစ်​သားအရွယ်​သာ ရှိသေးသည်​။ တစ်နှစ်​​ကျော်​ခန်​့အကြာတွင်​​နောက်ထပ်​သားတစ်​ဦး​ မွေးသည်​။ သားဦး​လေးမှာ ​မွေးရာပါဦး​ခေါင်​းခွံမပါဘဲ အရည်​အိတ်​အ​နေအထားဖြင်​့​မွေးဖွားလာ၍ အကြိမ်​ကြိမ်​​ဆေးကုခဲ့ရသည်​။ ဉာဏ်​ရည်​ချို့တဲ့သည့် သားဦး​လေးကို ဇာတိဖြစ်​သည်​့ ထားဝယ်မြို့​ ကျောက်​​မော်​ရပ်​ကွက်​ရှိ အဘွားဖြစ်​သူဆီတွင်​ ထားသည်​။ တစ်ခါတစ်ရံ ပန်​း​ရောင်​အိမ်​က​လေးသို ့​ခေါ်သွားတတ်​သည်​။ ပန်​း​ရောင်​အိမ်​​က​လေးမှ လေးဖာလုံခန်​့အကွာတွင်​ ဥဿရံ​ကျေးရွာရှိသည်​။ ကိုအောင်ကျော်​ထွန်​းအ​နေဖြင်​့ မီးရထားသံလမ်​းဂိတ်​​စောင်​့ ဖြစ်​​သော​ကြောင်​့ ရထားဖြတ်​သန်​းချိန်​တွင်​ ကားလမ်းနှင်​့ မီးရထားလမ်​းဆုံကို ​ခေတ္တဂိတ်​​ပိတ်​​ပေးရသည်​့တာဝန်​ကို​ ဆောင်​ရွက်​ရသည်​။ မီးရထား ဖြတ်သန်းပြီးပါက ၎င်း၏တာဝန်​ပြီးဆုံးပြီဖြစ်​သည်​။ အလုပ်​တာဝန်​ပြီးဆုံး၍အားလပ်​​နေသည်​့အချိန်​တွင်​ အနီးအနားရှိ ရွာများဖြစ်​​သော ဥဿရံ​ကျေးရွာနှင်​့ သက်​ကယ်​ကွက်​​ကျေးရွာတို့တွင်​ သစ်​ပင်​တက်​၊​ ရေတွင်​းတူး စ​သောကျပန်းအလုပ်​များလည်​း လုပ်​သည်​။ ၎င်းအား​စေခိုင်​းသည်​့အလုပ်​မှန်​သမျှ မညည်​းမညူ လုပ်ပေးတတ်ပြီး ​စိတ်​​စေတနာ​ကောင်​းမွန်​သည်​့ လူငယ်​ဖြစ်​​ကြောင်း ရွာသားများက ဆိုသည်​။ ထို့ပြင်​ ကိုအောင်ကျော်​ထွန်​းမှာ ၎င်းအားလပ်​သည်​့အချိန်​၌ ဇာတိဖြစ်​သည်​့ ထားဝယ်​မြို့ရှိ ပွဲလမ်​းသဘင်​များ၌ ဆင်အကလည်​း လိုက်​ကတတ်​​သေးသည်​။ တရုတ်​ဘုံ​ကျောင်​း၌ တိုးနယားအကလည်​း ကသည်​ဟုဆိုသည်​။ အရက်​၊​ ဆေးလိပ်​၊ ကွမ်​းယာန​ှင်​့ မူးယစ်​​ဆေးဝါးများ မသုံးစွဲတတ်​သည်​့အပြင်​ ဇာတိဖြစ်​သည်​့ရပ်ကွက်​အတွင်​း​နေထိုင်​စဉ်​ကလည်​း နာမည်​ပျက်​မရှိသူ၊ ကူညီတတ်​သူ၊ အ​နေ​အေးသူဖြစ်​သည်​ဟု ရပ်ကွက်အတွင်း နေထိုင်သူအချို့က ဆိုသည်​။ ဘာသာ​ရေးပွဲ​တော်​များတွင်​လည်​း ​ရှေ့ဆုံးက ပါဝင်​တတ်​​သေးသည်ဟု သိရသည်။

မီးရထားဖြတ်​ချိန်​တွင်​ သံလမ်းဂိတ်​တံခါး​မောင်​းတံကို ပိတ်​၍ မီးရထားဖြတ်​ပြီးချိန်​တွင်​ တံခါးပြန်​ဖွင့်​ပေးပြီးပါက ၎င်း၏တ​စ်နေ့တာ တာဝန် ပြီးဆုံးပြီဖြစ်​သည်​။ အားလပ်​သည်​့အချိန်​တွင်​ ကျပန်းအလုပ်​လုပ်​ပြီး အလုပ်​မရှိသည့်အချိန်​တွင်​ ရထားသံလမ်​းနံ​ဘေးရှိ ပန်​း​ရောင်​အိမ်​​က​လေးအတွင်​း မိသားစုနှင်​့အတူ အချိန်​ကုန်​ဆုံး​လေ့ ရှိသည်​။ သားငယ်​​လေး၏​ ဆော့ကစားသံရယ်​မောသံများဖြင်​့ မိသားစုသုံးဦး​နေထိုင်​​သော ပန်းရောင်အိမ်ကလေးက သာယာ​​နေ​ပျော်​ဖွယ်​အတိဖြင်​့ အသက်​ဝင်​​နေသည်​။ ဇွန်​ ၁၃ ရက်​​နေ ့ထားဝယ်​မိုးဖွဲဖွဲရွာ​နေသည်​့ စ​နေ​နေ့ ညနေပိုင်​းတွင်​ ပန်​း​ရောင်​အိမ်​က​လေးသို့ ကံကြမ္မာဆိုးကျ​ရောက်​လာသည်​။ ပန်းရောင်​အိမ်​က​လေးကို အသက်​သွင်းခဲ့သူ ကို​အောင်​​ကျော်​ထွန်​းနှင်​့ ၎င်း၏ဇနီးဖြစ်​သူအပြင်​ တစ်နှစ်​​ကျော်​အရွယ်​သားငယ်​​လေးပါ ​နေအိမ်​အတွင်​း၌ ဓားအချက်​ပေါင်​းများစွာဖြင်​့ ရက်​ရက်​စက်​စက်​အသတ်​ခံခဲ့ရသည်​။ ကိုအောင်​​ကျော်​ထွန်​း၏ မိခင်​ဖြစ်​သူမှာ ၎င်း၏သားသမီးများကို ညစဉ်​ဖုန်​းဆက်​​လေ့ရှိသူဖြစ်​သည်။ ထို​နေ ့ ညပိုင်းတွင်​ ကို​အောင်​​ကျော်​ထွန်​း၏ မိခင်​ဖြစ်​သူက သားဖြစ်​သူထံ ဖုန်​းဆက်​ရာ ဖုန်​းစက်​ပိတ်​ထားသဖြင်​့ ​ချွေးမဖြစ်​သူ၏ဖုန်​းကို ဆက်​သွယ်​ရာတွင်​လည်​း ဖုန်​းမကိုင်​ဟု ဆိုသည်​။ ထို့ကြောင်​့မိခင်​ဖြစ်​သူက စိုးရိမ်တကြီးဖြင်​့ ထားဝယ်​မြို့မှ​နေ၍ သားဖြစ်​သူ​ နေထိုင်​ရာဆီသို့ လိုက်​လာပြီး ကြည်​့​တော့မှ သားဖြစ်​သူ တစ်မိသားစုလုံး အသတ်​ခံထားရသည်​ကို​ စတင်​​တွေ့ရှိခဲ့ရခြင်​းဖြစ်​သည်​။

“သူ့အ​မေလည်​း စီးပွား​ရေး ဘာမှမရှိဘူး။ ဗယာ​ကြော်​လေး​ကြော်​ ေ​ရာင်​းလိုက်​၊ ရာသီ​ပေါ်မုန်​့​လုပ်​​ရောင်​းလိုက်​၊ ကြံရည်​​ရောင်​းလိုက်​န​ဲ့ မြေငှားပြီး ဆိုင်​တဲ​လေးနဲ့ လုပ်​ကိုင်​စား​သောက်​​နေတာ။ သူလည်း အဆင်​​ပြေသလို လုပ်ကိုင်​စားသောက်​နေတာ။ အဲဒါကိုမှ ဒီလိုအသတ်​ခံရတာက ဘယ်​လိုအမုန်​းတရား​တွေရှိလို့လဲဆိုပြီး စဉ်းစားနေ​တာ​ပေါ့။ သူ့အ​မေက ညအိပ်​ရာဝင်​ခါနီးရင်​ သားသမီး​တွေကိုဖုန်​းဆက်​​နေကျ။ ဘယ်​လို​နေကြလဲ၊ ​နေကောင်​းရဲ့လား၊ ထမင်​းစားပြီးပြီလား၊ ဘုရားတရားမ​မေ့နဲ့လို ့​နေ့တိုင်​းဖုန်းဆက်​​ပြော​လေ့ရှိတယ်​။ အဲဒီ​နေ့က ဆက်​​တော့ သူ့သားဖုန်​းက စက်​ပိတ်​ထားပြီး ​ချွေးမရဲ့ဖုန်​းကမကိုင်​ဘဲ​နေ​တော့ ဘာလို့မကိုင်​တာလဲ မသိဘူးဆိုပြီး တက်​ကြည်​့မှ အသတ်​ခံထားရတာ​ကို ​တွေ့ရတာ” ဟု အသတ်​ခံရသူ ကို​အောင်​​ကျော်​ထွန်း၏ အဒေါ်​တော်​စပ်​သူက ​ပြောသည်​။

အခင်​းဖြစ်​ပွားခဲ့သည်​့ညက ကို​အောင်​​ကျော်​ထွန်​း၏ မိခင်​ဖြစ်​သူနှင်​့အတူ ၎င်း၏ဦး​လေး​တော်​စပ်​သူ ဦးညိုမင်းလည်​း လိုက်​ပါခဲ့သည်​ဟု သိရသည်​။ ကို​အောင်​​ကျော်​ထွန်း၏ မိခင်​ဖြစ်​သူက ၎င်း၏သားဖြစ်​သူနှင်​့ အဆက်​အသွယ်​မရသဖြင်​့ ထားဝယ်​မြို့မှ ၂၃ မိုင်​​ကျော်​အကွာရှိ ပန်​း​ရောင်​အိမ်​က​လေးသို့ သွားရောက်​ရန်​ အဖော်​အဖြစ်​ လိုက်​ပါခဲ့သည်​ဟု ဆိုသည်​။ ]]ကျွန်တော့် မိန်းမကို သူ့အစ်မက​ ဖုန်​းဆက်​လိုက်​တယ်။ အဲ​ဒီနေ ့ည ၆ နာရီခွဲ ၇ နာရီ​လောက်​ဆိုရင်​ ကျွန်တော် (အခင်​းဖြစ်​​နေအိမ်ဆီ) သွားအိပ်​ဖို ့လုပ်​​နေတာ။ သူ့အစ်​မက သူ့ဆီဖုန်​းဆက်​ပြီး နည်​းနည်​းသွားကြည်​့​ပေးပါ။ သူ့သား ဖုန်​းဆက်​တာ မကိုင်​လို့ဆိုပြီး​ပြော​တော့ ကျွန်တော်ဆိုင်ကယ်​နဲ ့တက်​လိုက်​သွားတယ်​။ တစ်ခါမှမ​ရောက်​ဖူးဘူး။ သူ့အစ်​မ​ခေါ်လို ့ကျွန်တော် တက်လိုက်သွားတာ။ ဒီက​နေည ၇ နာရီ​ကျော်​ ၈ နာရီ​လောက်​ တက်​သွားတာ။ ဟိုကို ၉ နာရီ​​လောက်​​ ရောက်တယ်​။ ဟို​ရောက်​တာနဲ့ သူ့အ​မေ​လည်​း​ အော်​​ခေါ်တယ်​။ ကျွန်တော်လည်​း​ အော်​​ခေါ်တယ်​။ ဖိနပ်​​တွေ ဆိုင်​ကယ်​​တွေလည်​း ရှိတယ်​။ ဆိုင်​ကယ်​ရှိနေ​တော့ အစ်​မကို​ခေါ်လည်​းမကြားဘူး။ ဘာမှမကြားဘူးဆိုပြီး​ပြောတယ်​။ သူ့အ​မေက အိမ်​​ပေါ်အရင်​တက်​သွားပြီး ကျွန်တော် မသင်္ကာလို ့ဖုန်​းမီးထွန်​းပြီး​တော့ အပေါက်လေးက​နေ ကြည်​့လိုက်​တယ်။ ကြည်​့လိုက်​​တော့အထဲမှာ​ သွေး​တွေ ဘာ​တွေနဲ့လဲ​နေပြီ။ ဒါနဲ့ ကျွန်တော့် အစ်​မကို အ​ခြေအ​နေမ​ကောင်​း​တော့ဘူး​ပေါ့။ ရွာထဲကို ဆိုင်​ကယ်နဲ့ နှစ်​ယောက်​စလုံးဝင်​ပြီး​တော့ အကူအညီလိုက်​​တောင်​းတယ်​။ အကူအညီ​တောင်​း​တော့ ရွာသား​တွေထွက်​လိုက်​လာပြီး ရွာလူကြီးကို အကြောင်းကြား၊ ကျွန်တော်တို့က အပြင်​မှာရပ်​​နေတယ်​။ ရဲ​တွေလာပြီး အကုန်​စစ်​ပြီးမှ ကျွန်တော်တို့ကို ဝင်ခွင့်ပေးတယ်​။ ရဲမလာခင်​ တ​စ်ယောက်​မှ တံခါးမဖွင်​့ဘူး။ ရဲလာမှရိုက်​ဖွင်​့တာ။ ရဲ​တွေ​ရောက်​လာတာည ၁၀ နာရီ​လောက်​ဖြစ်​ပြီထင်​တယ်​။ နာရီ​တော့ အတိအကျမမှတ်​မိဘူး။ ရုတ်​တရက်​ဆို​တော့ ဘာလုပ်ရမှန်​းမသိဘဲ ရွာထဲကို အကူအညီသွား​တောင်​းတာ။ သူ့အ​မေလည်​း ပါတယ်​။ သူနဲ့ ကျွန်တော်က သိပ်ပြီး​တွေ့ဆုံတာ မရှိဘူး။ သူ့အ​မေ အိမ်​ဆင်​းလာတဲ့အချိန်​မှ​တွေ့ပြီး​ ပြောဖူးဆိုဖူးတာ ရှိတယ်​။ အခုလည်​း ပထမဆုံးအကြိမ်​​ရောက်တာပဲ။ သူ့အ​မေ​ ခေါ်သွားလို့ တက်​လိုက်​သွားတာ။ သူက ကင်​းကင်​းရှင်းရှင်​း​နေတယ်​။ အ​သောက်​အစားလည်း မရှိ​၊ မူးယစ်​​ဆေးဝါးလည်​း မရှိ၊ ကွမ်​းလည်​းမစား၊​ ဆေးလိပ်​လည်​း မ​သောက်​တတ်​ဘူး။ ကျွန်တော်တို့ အိမ်​ထဲကို ဝင်မကြည့်​ရဘူး။ ဆိုင်​ကယ်​က အိမ်​​နောက်​မှာပဲ ရှိနေတယ်။ အိမ်​ထဲကို ရဲ​တွေပဲ ဝင်​တယ်။ တ​စ်ယောက်​မှ​ ပေးမဝင်ဘူး။ ရွာသား​တွေလည်​း​ ပေးမဝင်​ဘူး။ အဲဒီ​နေရာက လမ်​းအရမ်​းပြတ်​တယ်​။​ တော်​ရုံလူ မနေရဲလောက်ဘူး” ဟု အခင်​းဖြစ်​​နေအိမ်​၌ မိသားစုသုံးဦးစလုံး အသတ်​ခံထားရသည်​ကို စတင်​​​တွေ့ရှိခဲ့သည်​့ ကို​​အောင်​​ကေ​ျာ်​ထွန်း၏ ဦး​လေး​တော်​စပ်​သူ ကိုညိုမင်​းက ​ထို​နေ့က အဖြစ်​အပျက်​ကို​ ပြောပြသည်​။

ကို​အောင်​​ကျော်​ထွန်​းအနေဖြင်​့ မီးရထားဝန်​ထမ်​းအဖြစ်​ တာဝန်​ထမ်​း​ဆောင်​​နေသည်​မှာ ခြောက်နှစ်​ခန်​့ရှိပြီဖြစ်​ပြီး ယခင်​က ထားဝယ်​ဘူတာကြီးဖြစ်​သည့် ဇလွန်​း​ကျေးရွာရှိ ဘူတာနှင်​့ ဆိပ်​ကမ်​းဘူတာတို့တွင်​ တာဝန်​ထမ်းဆောင်​ခဲ့ပြီး​နောက်​ လွန်​ခဲ့သည်​့ သုံးနှစ်​ခန်​့မှစတင်​ကာ လက်​ရှိတာဝန်​ကျသည်​့ ဥသာရံကျေးရွာအနီး ထားဝယ်​-​ရေး လမ်​းပိုင်​း မိုင်​တိုင်​အမှတ်​ ၂၃/၄ ရှိကားလမ်းမ​ပေါ်မှ ရထားသံလမ်​းဖြတ်​ထားသည်​့​နေရာတွင်​ ရထားလမ်​းဂိတ်​​စောင်​့အဖြစ် တာဝန်​ထမ်​း​ဆောင်​​နေခြင်​းဖြစ်​သည်​ဟု မိသားစုဝင်​များက​ ပြောသည်​။​ မွေးချင်းမောင်​နှမ ငါးဦးရှိပြီး ဒုတိယ​မြောက်​ဖြစ်​သည့် ကို​အောင်​​ကျော်​ထွန်​း၌ အသက်​ ငါးနှစ်​အရွယ်​နှင်​့ တစ်နှစ်ကျော်​အရွယ်​သား နှစ်ဦးရှိပြီး ငါးနှစ်​အရွယ်​သား တစ်​ဦးမှာ ယခင်​က မိသားစု​နေထိုင်​သည်​့ အခင်းဖြစ်ပွားရာ ​နေအိမ်​သို့ ဖခင်​ဖြစ်​သူက ​ခေါ်သွား​လေ့ရှိသော်​လည်​း လူသတ်​မှုဖြစ်​ပွား​သည်​့​နေ့ က ထားဝယ်မြို့ရှိ အဘွားဖြစ်​သူ၏​နေအိမ်​တွင်​ ကျန်​ရစ်​ခဲ့​​​ကြောင်​း သိရသည်​။

အဆိုပါပန်​း​ရောင်​အိမ်​ကလေးအတွင်​း မိသားစုသုံးဦးစလုံး အသတ်​ခံရ​ကြောင်​း​ တွေ့ရှိပြီး​နောက်​ ရဲတပ်​ဖွဲ့ကို အကြောင်​းကြားခဲ့ပြီး လိုအပ်​သည်​့စစ်​​ဆေးမှုများ ပြုလုပ်​ကာ ပရဟိတအဖွဲ့များ၏ လူနာတင်​ယာဉ်​များဖြင်​့ ​ရေဖြူမြို့ရှိ ပြည်​သူ့​ဆေးရုံရင်​ခွဲရုံသို့ ပို့ဆောင်​ခဲ့သည်​။

“ ကျွန်တော်တို့ဆီ သတင်​းဝင်​လာတာက ည ၁၁ နာရီ ၁၆​ လောက်​မှာပါ။ ဟို​ရောက်​​တော့ ၁၁ နာရီခွဲ​ပေါ့။​ ထားဝယ်​က​နေ ၂၃ မိုင်​ရုံးက​နေဆို ကိုးမိုင်​​ကျော်​​ကျော်​​လေး​ပေါ့။ ဥဿရံ မီးရထားလမ်​း​ကျော်​လိုက်​တာနဲ ့ ညာဘက်​​တောင်​ကုန်​းတက်​က​လေးက အိမ်​ပါ။ မီးရထားဝန်​ထမ်း အ​ဆောက်​အအုံပါ။​ အသတ်ခံရတဲ့သူက ရထားသံလမ်း​​​စောင်​့​ပေါ့။ ဟိုမှာက မိသားစုသုံး​ယောက်​စလုံးက ပက်​လက်​လန်​​နေတဲ့ အ​နေအထားနဲ့​ သေနေတယ်​။ က​လေးကတော့​ မှောက်​လျက်​က​လေးပါ။ အမျိုးသားက​တော့ ​ဘောင်​းဘီတိုနဲ ့အကျႌမပါဘူး။ အမျိုးသမီးက​တော့ အကျႌအဝတ်​အစား အပြည်​့အစုံပါပဲ။​ ယောကျ်ားမှာက လည်​ပင်​းပြတ်​ရှဒဏ်​ရာ၊ ကလေးမှာလည်​း လည်​ပင်းမှာပဲ။ အမျိုးသမီးမှာက ဗိုက်​မှာရယ်​ နဖူးမှာရယ်​။ သူတို ့အသတ်​ခံရတာ အိမ်ထဲမှာပဲ။ အခန်​းဖွဲ့ထားတာ မရှိဘူး။ ကျွန်တော်တို့က​တော့ သွားကူညီပြီး အ​လောင်​း​တွေသယ်​ပြီး​တော့ ​ရေဖြူ​ဆေးရုံရင်​ခွဲရုံကို ပို့ပေးခဲ့တယ်” ဟု အခင်​းဖြစ်​​နေရာသို ့သွား​ရောက်​ကူညီခဲ့သည်​့ မြင်​့မြတ်​​ရေဖြူ ပရဟိတအသင်း​​မှ အဖွဲ့ဝင်​တစ်​ဦးက ​ပြောသည်​။

အသတ်​ခံရသည်​့ မိသားစု​နေထိုင်​သည်​့​နေအိမ်​မှာ ထားဝယ်​-​ရေး လမ်​းမ​ပေါ်ရှိ မိုင်​တိုင်​ ၂၃ မိုင်​အနီး ဥဿရံကျေးရွာမှ လေးဖာလုံခန်​့အကွာတွင်​ရှိပြီး လူသူပြတ်​​တောက်​သည်​့​နေရာဖြစ်​​သည်​့အပြင်​ အနီးဝန်​းကျင်​၌​ နေအိမ်​များမရှိဘဲ အသတ်ခံရသည်​့ မိသားစု​နေထိုင်​သည့်​ နေအိမ်​တစ်​လုံးသာရှိ​ကြောင်​း ဆိုသည်​။ အသတ်ခံရသည်​့မိသားစုဝင်​ သုံးဦးကို မြင်​့မြတ်​​ရေဖြူပရဟိတအသင်း​​နှင်​့ ပု​ဂေါဇွန်​း​ဇမ​​္ဗူအရိပ်​ပရဟိတအသင်းတိုမှ လူနာတင်​ယာဉ်​ သုံးစီးဖြင်​့ သွား​ရောက်​သယ်​ယူပြီး ​ရေဖြူ​ဆေးရုံရင်​ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်​။

“ အခင်​းဖြစ်​အ​နေအထားက မိသားစု သုံးယောက်​စလုံးကို သတ်​သွားတာဗျ။​ ယောကျ်ားကို​တော့ လည်​ပင်းကို လှီးသွားတယ်​။ အမျိုးသမီးကို​တော့လည်​း လည်​ပင်​းကို ထိုးသွားတယ်​။ ဝမ်​းဗိုက်​ကိုလည်​း ဓားနဲ့ ထိုးသွားတယ်​။ ကလေးကိုလည်း လည်​ပင်​းလှီးသွားတယ်​။ က​လေးက ​မှောက်​လျက်​​သေသွားတယ်​။ အသက်​က​တော့ ၃၀ ဝန်းကျင်​​တွေပါ။ က​လေးက​တော ့တစ်နှစ်​​ကျော်​​ပေါ့။ ယောကျ်ားလေး။ အသတ်​ခံရတဲ့ အမျိုးသားက မီးရထားဝန်​ထမ်​းဂိတ်​​စောင်​့​ပေါ့။ သူတို့နေတဲ့​နေရာက ရွာနဲ ့အ​တော်​​ဝေးတယ်​။ လူ​တော်​​တော်​ပြတ်​တယ်​​ဗျ​။ သိတဲ့အချိန်​ကို ၁၀ နာရီ​ကျော်​သွားပြီ။ အိပ်​ချိန်​လို ဖြစ်​​နေတာ​ပေါ့။ အသတ်ခံရတာကို ဘယ်​လိုစသိလဲဆို​တော့ သူ့ (အသတ်​ခံရသူအမျိုးသား)ရဲ့ အ​မေဘက်​က သူ့သားဆီ ဖုန်​းဆက်​တာမကိုင်​လို ့အရင်​ဆုံးဆိုင်​ကယ်​နဲ့ လာပြီး ကြည်​့တယ်​​ပေါ့။ ဒီ​ရောက်​​တော့ တံခါးကြီးက​ အပြင်​က​နေ ​သော့ခတ်​ထားတယ်​။ ​သော့ခတ်​ထားလို့ အပေါက်​က​နေ ဖုန်​းမီးနဲ ့​ချောင်​းကြည့်​တော့​ သွေး​တွေနဲ ့​သေ​နေတာ​တွေ့တော့ အနီးအနားက လူ​တွေကို သွားအကူအညီ​တောင်​းတာ။ အနီးအနားက လူ​တွေ​ရောက်​လာ​တော့ ရဲစခန်းကို ဖုန်​းဆက်​တယ်​။ ကျွန်တော်တို့ ကြားကြားချင်​းလိုက်​သွား​တော့ တံခါးက ​သော့ခတ်​ထားလို့မဖြစ်ဘူး။ တကယ်​လို့ အသက်​​ငွေ့ငွေ့လေး ကျန်ရင်တောင်​ မီ​ကောင်​းတယ်ဆိုပြီး တံခါးကို ရိုက်​ဖျက်​ပြီးဝင်​လိုက်​တာ။ အကုန်လုံးက ​အေး​နေပြီ​။ (​သေတာ)​ တော်​​တော်​ကြာ​နေပြီ။ ကျွန်တော်တို့ ခန့်မှန်​းတာ​တော့ ညဦးပိုင်​း​မှောင်​ရီပြိုးချိန်​ ည ၇ နာရီဝန်​းကျင်​​လောက်​ ထင်​တာပဲ။ ဘာလို့လဲဆို​တော့ အရမ်းကြီးလင်​း​နေတဲ့အချိန် ​မဖြစ်​နိုင်​ဘူး​လေ။ လမ်​း​ဘေးမှာ​လေ။ ပစ္စည်​းယူတာ ဘာမှမရှိဘူး” ဟု အမှုနှင်​့ပတ်​သက်​၍ စုံစမ်​းစစ်​​ဆေး​နေသည်​့ ​ရေဖြူမြို့မရဲစခန်​းမှ တာဝန်​ရှိသူ ရဲအရာရှိတစ်ဦးက​ ပြောကြားသည်​။ မီးရထားဝန်​ထမ်​း မိသားစုသုံးဦးစလုံးကို သတ်​သွားသည့်​အ​နေအထားမှာ ရန်​ငြိုး​ကြောင်​့ ဖြစ်​​နိုင်​​ကြောင်​း​ လော​လောဆယ်​သုံးသပ်​ထားပြီး ​အခင်​းဖြစ်​​နေအိမ်​ရှိ ပစ္စည်​းများနှင့် ဆိုင်ကယ်ကို ယူ​ဆောင်​သွားခြင်​း မရှိခဲ့​ကြောင်​း၊ လက်​ရှိတွင်​ အသတ်ခံရသည်​့ အမျိုးသားနှင်​့​ ပေါင်​းသင်းမှု ရှိသူများကို စုံစမ်​း​နေပြီး တရားခံဖြစ်​သူအား ဖမ်​းဆီးရမိခြင်​းမရှိသေး​ကြောင်​း ၎င်းက ဇွန် ၁၄ ရက်​​တွင်​​ ဆိုသည်​။​ အသတ်​ခံရသည်​့အ​နေအထားမှာ ရုန်​းရင်​းဆန်ခတ်​ဖြစ်​ပွားခဲ့သည်​့ အ​ေ​နအထားမရှိသည်​့အပြင်​ အသတ်ခံရသူ သုံးဦးစလုံးအား ​သေ​စေနိုင်​သည်​့​နေရာများကိုသာ ဓားဖြင်​့ထိုးသတ်​သွားခဲ့​သော​ကြောင်​့ လူသတ်တရားခံမှာ ​သွေး​အေး​အေးဖြင့် သတ်​သွားသည်​့ အ​နေအထားရှိပြီး တရားခံမှာ တစ်​ဦးထက်​ပိုနိုင်ကြောင်​း သုံးသပ်မှုများလည်​း ရှိနေသည်​။

​ကို​အောင်​​ကျော်​ထွန်​းတို့ မိသားစုဝင်​သုံးဦး၏ ရုပ်​အ​လောင်​းကို​ ဆေးရုံ၌ စစ်​​ဆေးပြီး​နောက်​ ဇာတိဖြစ်​သည်​့ ထားဝယ်​မြို့ ကျောက်​​မော်​ရပ်​ကွက်​ရှိ ရပ်​ကွက်​ဇရပ်​တွင်​ နာ​ရေးအခမ်​းအနား ပြုလုပ်​ထားသည်​ကို​ တွေ့ရသည်​။ ကျန်​ရစ်​​သော ရုပ်​အ​လောင်​းများကို ထားဝယ်​မြို့ ဇဟာသုသာန်​၌ ဇွန်​ ၁၆ ရက်​​ မွန်​းလွဲပိုင်​းတွင်​ မီးသဂြုႋဟ်ခဲ့သည်​။ ထားဝယ်​မြို့​ပေါ်မှ လူအများအပြား သုသာန်​သို့ လိုက်​ပါပို့ဆောင်ကြသည်။

“ ​နေထိုင်​တာကလည်​း ​အေး​အေး​ဆေး​ဆေးပဲ။ အသုဘကို ဥဿရံက​ရော သက်​ကယ်​ကွက်​ရွာက ရွာသားတွေလည်​း လာကြတယ်။ ရွာသား​တွေလည်​း ဘာဖြစ်​လို့ ဒီလိုအသတ်​ခံရလဲဆိုတာ အ့ံသြနေကြတယ်။ သူက သူမုန်​း​အောင်​လုပ်​တဲ့သူလည်း မဟုတ်​ဘူး။ အနီးအနားက ရွာသား​တွေလည်​း သူ့အတွက်​ ဝမ်းနည်းနေကြတယ်​” ဟု ကို​အောင်​​ကျော်​ထွန်​း၏ အ​ဒေါ်ဖြစ်​သူက ဆိုသည်​။

ထို့ပြင်​ “သူ​ပြော​နေဆို​နေတဲ့ အ​နေအထားက​တော့ ကျွန်​မတို့အ​နေနဲ့ဆိုရင်​​တော့​ ကောင်​းတယ်​။ သူ​အသတ်​မခံရခင်​ သူ့ကိုဘယ်သူက ​သတ်​ဖို ့ဘာလုပ်​ဖို ့ခြိမ်​း​ခြောက်​​တာ ခံ​နေရတယ်​လို ့​ပြောဖူးတာမရှိဘူး။ သူက ​ပျော်ပွဲရွှင်​ပွဲ​တွေမှာ ဆင်​ကမယ်​။ တရုတ်​ဘုံံကျောင်​းမှာဆို တိုးနယား ကမယ်​။ ဒါ​တွေ​တော့ အ​တော်​​လေး​ ပြောတယ်​။ မီးရထားဝန်​ထမ်​းလည်​း လုပ်​တယ်​။ အလုပ်​အား​နေရင်​ အနီးအနားက အခြားကျပန်း အလုပ်တွေလည်​း လုပ်​​တယ်​။ သူ့ကို ဘာခိုင်​းခိုင်​း အကုန်​လုပ်​​ပေးတယ်။ ကူညီ​ပေးတယ်​။ အရက်​လည်​း မသောက်​တတ်ဘူး။ ကွမ်​းလည်​းမစား၊ ​ဆေးလိပ်​လည်​း မ​သောက်​တတ်​ဘူး” ဟု အ​ဒေါ်ဖြစ်​သူက ဆက်ပြောပြသည်​။ အသတ်​ခံရသည်​့အ​နေအထားမှာ အသက်​ ၂၆ နှစ်​အရွယ်​ ကို​အောင်​​ကျော်​ထွန်​းတွင်​ ညာဘက်​ချိုင်​း​အောက်​ ထိုးသွင်​းဒဏ်​ရာတစ်ချက်​နှင်​့​ လည်​ပင်​းပြတ်​ရှိဒဏ်​ရာ တစ်ချက်​၊ ဇနီးဖြစ်​သူ မခင်​ဖြိုး​ဝေ (၂၈ နှစ်​) ၌ ဝမ်​းဗိုက်​တွင်​ ထိုးသွင်​းဒဏ်​ရာ နှစ်ချက်​၊ ရင်​အုံတွင်​ထိုးသွင်းဒဏ်​ရာ နှစ်ချက်​နှင်​့ လည်ပင်းပြတ်ရှဒဏ်​ရာ တစ်ချက်​၊ အသက်တစ်နှစ်​​ကျော်​အရွယ် က​လေးငယ်​၌ ​နောက်​​ကျောဘက်​ထိုးသွင်းဒဏ်​ရာ တစ်ချက်​နှင်​့ လည်​ပင်​းပြတ်​ရှဒဏ်​ရာ တစ်​ချက်​တို့ဖြင်​့​ သေဆုံးခဲ့ခြင်​းဖြစ်​​ကြောင်​း တိုင်းဒေသကြီးရဲတပ်​ဖွဲ့မှ ရဲအရာရှိကြီးတစ်​ဦးက ပြောသည်​။

ယင်းအမှုနှင်​့ပတ်​သက်​၍​ တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးကိုယ်​တိုင်​ အနီးကပ်​ကြီးကြပ်ကာ အမှုစစ်​အဖွဲ့ကို ဖွဲ့စည်းပြီး CID နှင်​့ အခြားကျန်​ရှိသည်​့ ရဲတပ်​ဖွဲ့အင်​အားဖြည်​့တင်း၍​ တရားခံကို စုံစမ်​း​ထောက်​လှမ်​း ရှာဖွေနေကြောင်​း၊ မကြာမီအချိန်တွင် တရားခံဖြစ်သူကို​​ ဖော်​ထုတ်​ဖမ်​းဆီးနိုင်​လိမ်​့မည်​ဟု ၎င်းက ဆိုသည်​။ အဆိုပါ သုံးလောင်​းပြိုင်​လူသတ်​မှုနှင်​့ ပတ်​သက်​၍​ ရေဖြူမြို့မ ရဲစခန်​းက (ပ)၂၈ /၂၀၂၀ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ ဖြင်​့ အမှုဖွင်​့လှစ်​ထား​သည်​။ လက်​ရှိ သုံး​လောင်​းပြိုင်​လူသတ်​မှုဖြစ်​စဉ်​မှာ ထားဝယ်​​ဒေသအတွင်​း မကြားဖူး မကြုံဖူးသည ်​့ရက်​စက်​လှ​သော လူသတ်​မှုတစ်​ခုဖြစ်​​သော​ကြောင်​့​ ဒေသခံများအကြား စိုးရိမ်​ထိတ်​လန်​့မှု ကြီးစွာဖြစ်​​ပေါ်နေကြသည်​။

တရားခံဖြစ်​သူကို အမြန်​ဆုံး​ ဖော်​ထုတ်​ဖမ်​းဆီး​ပေးရန်​ အလိုရှိနေကြသည်​။ ပြီးခဲ့သည်​့ ၂၀၁၆ ခုနှစ်​ နိုဝင်​ဘာလ ၁၉ ရက်​​ညက ထားဝယ်​မြို့ရှိ ရွှေဝယ်​သီရိအားကစားရင်​ပြင်​၌ သီချင်​းဆိုပြိုင်​ပွဲ ပြုလုပ်​​နေစဉ်​ ပြိုင်​ပွဲကျင်​းပရာ စင်​နံ​ဘေးရှိဘောလုံးကွင်​းအစပ်​၌ ​ဒေသခံများ အ​ရေးလုပ်​​ဆောင်​​နေသူ အသက်​ ၂၂ နှစ်​အရွယ်​ နော်ချစ်ပန်းတိုင်​မှာ လည်​ပင်းထိုးသွင်​း ဒဏ်​ရာ၊ မျက်​နှာပြတ်ရှဒဏ်​ရာများဖြင်​့ အသတ်​ခံခဲ့ရသည့် ဖြစ်​စဉ်​ရှိခဲ့ဖူးသည်​။ ယင်​းဖြစ်​စဉ်​အတွက်​ ရဲတပ်​ဖွဲ့က တရားခံဖြစ်​သူကို အပူတပြင်​း ရှာ​​ဖွေစုံစမ်​း​ဖော်​ထုတ်​ခဲ့​သော်​လည်​း ယ​နေ့အထိ​ တရားခံကို မ​ဖော်​ထုတ်​နိုင်​ခဲ့​ပေ။ ထိုကဲ့သို့ဖြစ်​စဉ်​များ ရှိခဲ့ဖူး​သော​ကြောင်​့ လက်ရှိ သုံးလောင်​းပြိုင်​လူသတ်​မှုအ​ပေါ် ရဲတပ်​ဖွဲ့၏ လုပ်​​ဆောင်​မှုကို​ဒေသ ခံများ​ စောင်​့ကြည်​့​နေကြသည်။ အ သတ်​ခံရသူများ၏မိသားစုဝင်​များ ကလည်​း တရားခံကိုအမြန်​ဆုံးဖမ်​းမိ​စေရန်​ ဆန္ဒရှိနေကြသည်​။

သုံး​လောင်​းပြိုင်​လူသတ်​မှု အခင်​းဖြစ်​သည်​့​နေအိမ်​သို့ ဇွန်​ ၁၆ ရက်​​ ည​နေပိုင်​းက စာ​ရေးသူတို့ သွားရောက်​ ကြည်​့ရှုခဲ့သည်​။ အ​နေအထားအရ အခင်​းဖြစ်​​နေအိမ်​ အနီးဝန်​းကျင်​တွင်​​ နေအိမ်​များမရှိဘဲ တစ်ဖာလုံခန့်အကွာတွင်​မူ ​နေအိမ်​နှစ်​လုံးရှိနေသည်​ကို​ တွေ့ရသည်​။ အခင်​းဖြစ်​​နေအိမ်အနီးမှ ကားလမ်းမပေါ်တွင်​ ည​နေပိုင်​း၌ ယာဉ်​အသွားအလာ ပြတ်​​တောက်​မှု သိပ်​မရှိ။ ပန်​း​ရောင်​အိမ်​က​လေး​ပေါ် အတက်​​လှေကား​ခြေရင်​းတွင်​ မိန်​းမစီး ဖိနပ်​နှစ်ရံ၊ ​ယောကျ်ားစီး ဖိနပ်​တစ်​ရံနှင်​့ က​လေးစီး ဖိနပ်​တစ်​ရံ ရှိနေသည်။​ နေအိမ်​​အဝင်​ဝတွင်​ အကျႌများ လှန်​းထားပြီး တံခါးကို သစ်​သား​ချောင်​းဖြင်​့ ပိတ်​ထားသည်​။ အိမ်အောက်​တွင်​မူ ကလေးကစားစရာများ ပြန့်ကြဲနေသည်​ကို​ တွေ့ရသည်​။ တစ်ချိန်​က က​လေးငယ်​​ဆော့ကစားသံ၊ ရယ်မောသံများဖြင်​့ သာယာ​အေးချမ်​းခဲ့ဖူးသည်​့ ပန်​း​ရောင်​အိမ်​က​လေးက ငိုညည်​းသံများဖြင်​့​သွေးပျက်​ဖွယ်​ညတစ်ည၏ အလွန်​တွင်​ တိတ်​ဆိတ်​​ခြောက်​ကပ်​​နေသည်​့ အိမ်​တစ်​လုံးအဖြစ်​ အသွင်​ပြောင်း သွားခဲ့​ချေပြီဖြစ်​သည်​။ အိမ်​အနီးရှိ မီးရထားသံလမ်းကြီးနှင်​့ ဂိတ်​တံခါးမောင်​းတံကြီးမှာ ထိန်​းသိမ်​းမည်​့ အစောင့်မရှိတော့ဘဲ ငြိမ်​သက်​​​နေသည်​။ အသက်​သွင်း​ပေးမည့်သူ မရှိတော့သည်​့ ပန်းရောင်အိမ်ကလေးမှာလည်​း ဇွန်​လ၏ မိုးဖွဲများကြားတွင်​ အသက်မဲ့ကာ​ တိတ်​ဆိတ်​​နေသည်​။

Most Read

Most Recent