ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေး နိုင်ငံတော်အစိုးရက ငွေကျပ်သန်း ၆၀၀ ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေး နိုင်ငံတော်အစိုးရက ငွေကျပ်သန်း ၆၀၀ ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဧရာဝတီတိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ဧရာဝတီတိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 20 June 2020

ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ်သန်း ၆၀၀ ခွင့်ပြုခဲ့ပြီးဖြစ်၍ အချိန်မီထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေးအတွက် ငွေကျပ်သန်း ၆၀၀၊ ရေလုပ်သားများ ပင်လယ်ပြင် အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကို ကမ်းရိုးတန်းဒေသ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ရန် ငွေကျပ်သန်း ၆၀ တို့ကို နိုင်ငံတော်အစိုးရထံ တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ အချိန်မီထောက်ပံ့နိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက အင်တိုက်အားတိုက် ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

COVID-19 Economic Relief Plan (CERP) တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် ငါးမွေးမြူသူများအား တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀ တန်ဖိုးရှိ ငါးမျိုးနှင့် ငါးသားပေါက်များအား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဧက တစ်သိန်းခွဲအတွက် ဖြန့်ဖြူးပ့ံပိုးပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။

COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရေလုပ်ငန်းကဏ္ဍအောက်ရှိ ရေချို၊ ရေငန်ငါးများ၏ စျေးနှုန်းများအထိုက် အလျောက်ကျဆင်းခြင်း၊ ရောင်းအားလျော့နည်းကျဆင်းခြင်း၊ ပြည်ပပို့ကုန်လုပ်ငန်းများ တုံ့ဆိုင်းသွားခြင်း စသည့်အခက်အခဲများကို လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုအပေါ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်တွင်း စားသုံးမှုဖူလုံစေရေးနှင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေ ရှာဖွေပေးလျက်ရှိသော ငါးလုပ်ငန်းများ မွေးမြူ၊ ဖမ်းဆီး၊ ပြုပြင်ထုတ်လုပ်၊ ဖြန့် ဖြူးရောင်းချတင်ပို့ခြင်းတိို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 အခြေအနေကြောင့် ကြန့်ကြာခြင်းမရှိစေဘဲ လုပ်ငန်းကွင်းဆက်အလိုက် ဟန်ချက်ညီ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှုအစီအစဉ်များအပေါ် တာဝန်ရှိသူအသီးသီးတို့မှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent