ပင်လယ်ရေကြောင်းဖြင့် ပြည်ပနိုင်ငံများသို့ တစ်ပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၇၀၀၀ ကျော်၊ အီးယူသို့ တန်ချိန် ၆၆၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရ

ပင်လယ်ရေကြောင်းဖြင့် ပြည်ပနိုင်ငံများသို့ တစ်ပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၇၀၀၀ ကျော်၊ အီးယူသို့ တန်ချိန် ၆၆၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရ
ရန်ကုန်မြို့ ဆန်ပွဲရုံတစ်ခု မြင်ကွင်း
ရန်ကုန်မြို့ ဆန်ပွဲရုံတစ်ခု မြင်ကွင်း
Published 20 June 2020

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တစ်ပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၇၀၀၀ ကျော်၊ အီးယူသို့ တန်ချိန် ၆၆၀၀ ခန့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် မေ ၃၁ ရက်မှ ဇွန် ၆ ရက်အထိ ကာလအတွင်း ဒေါ်လာ ၇ ဒသမ၂၉၆ သန်း တန်ဖိုးရှိသည့် ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ တန်ချိန် ၇၀၀၀၊ အီးယူနိုင်ငံများသို့ တန်ချိန် ၆၆၀၀ ခန့်၊ အရှေ့တီမောသို့ တန်ချိန် ၅၁၀ နှင့် ဘရာဇီးနိုင်ငံသို့ တန်ချိန် ၁၅၀၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၃၀၀ နီးပါးလျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၄ ဒသမ ၂၀၀ သန်း တန်ဖိုးရှိသည့် ဆန်ကွဲတန်ချိန် ၂၂၀၀၀ ကျော် တင်ပို့ခဲ့သည်။ အာရှနိုင်ငံများသို့ တန်ချိန် ၇၉၀၀ ခန့်၊ အီးယူနိုင်ငံများသို့ တန်ချိန် ၆၄၀၀ နီးပါး၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၅၀၀ ခန့် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၆၀၀၀ ခန့် လျော့နည်းခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ချိန် ၃၆၇၀၀ ခန့် တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၆၀၀၀ ခန့် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် လေးလခွဲကျော်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာသန်း ၃၆၀ ခန့် ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၂၄၂ သန်း တင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၆၃၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၉ နိုင်ငံသို့ ဆန်တန်ချိန် ၈၆၈,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိထားသည်။

ထို့အတူ နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၃,၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော် ရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊  အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၆၈,၀၀၀ ခန့် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော် ရရှိထားပြီး စုစုပေါင်းတင်ပို့မှု၏ ၁၃ ရာခိုင်နှုန်းကျော် ရှိသည်။

ပင်လယ်ရေကြောင်းတင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန်တစ်သန်းကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၆ ရာခိုင်နှုန်းကျော် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်း ရရှိိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent