ဘွန်ဒစ်လီဂါပွဲစဉ်(၂၉) အကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၉) အကြိုသုံးသပ်ချက်
Published 16 June 2020

မိုချန်ဂလာဘတ် နှင့် ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဇွန် ၁၆ ရက် ည ၁၁ နာရီ)

(၂)ပွဲဆက်အရှုံးက မိုချန်ဂလာဘတ်အသင်းရဲ့ချန်ပီယံ လိဂ်ဝင်ခွင့်အိပ်မက်ကို ဝေ၀ါးသွားစေခဲ့တယ်။ တိုက်စစ်မှာ ပယ် လီယာ ပွဲပယ်ပြစ်ဒဏ်စေ့သွားပေမယ့် မားကပ်စ်သူရမ်က ဒဏ် ရာရသွားလို့ အနည်းငယ်တော့ ရုန်းကန်ရဦးမှာပါ။ ဝုလ်ဖ်ဘတ် ကတော့ ဘွန်ဒစ်လီဂါပြန်စချိန်မှာလည်း အဝေးကွင်းစွမ်းဆောင် ရည်ကောင်းကို ဆက်ထိန်းခဲ့ပြီး (၃)ပွဲဆက်တိုက် အနိုင်ရခဲ့ပါ တယ်။ မိုချန်တို့ နိုင်ပွဲပြန်ယူမယ်ထင်တယ်။

၀ါဒါဘရီမင် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇွန် ၁၇ ရက် နံနက် ၁းဝ၀ နာရီ)

ပထမအကျော့မှာတော့ ဘိုင်ယန်အသင်းက ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရထားခဲ့တယ်။ နှစ်သင်းအကြား ခြေစွမ်းပိုင်းကွာ ဟလွန်းပေမယ့် လက်ရှိအချိန်မှာ ၀ါဒါဘရီမင်အတွက် သေရေးရှင်ရေးဖြစ်နေတာ ထည့်တွက်ရမယ်။ ဒါပေမဲ့ ၀ါဒါဘရီမင်အသင်း ရဲ့အိမ်ကွင်းမှတ်တမ်းကတော့ အားရစရာမကောင်းဘူး။ ဒီရာသီ အိမ်ကွင်းပွဲတွေမှာ အော့စ်ဘတ်တစ်သင်းကိုသာ အနိုင်ရပြီး  (၁၃)ပွဲဆက် နိုင်ပွဲပျောက်ထားကာ နောက်ဆုံး(၁၀)ပွဲမှာ (၉)ပွဲအထိ အရေးနိမ့်ထားခဲ့တယ်။ ဘိုင်ယန်အသင်းမှာတော့ ပွဲပယ် ပြစ်ဒဏ်စေ့သွားတဲ့ လီဝန်ဒေါစကီး၊ မူလာတို့ ပြန်ပါလာနိုင်ပြီး မိုချန်နဲ့ပွဲထက် ပိုအင်အားတောင့်နိုင်တယ်။ ဒီပွဲအနိုင်ရရင် ချန် ပီယံသေချာပေမယ့် ဘိုင်ယန်အတွက် အမှတ်မလိုတဲ့အနေအထားမှာ ၀ါဒါဘရီမင်လောက် ပေါက်ကွဲမှုမရှိနိုင်လောက်ဘူး။ ၀ါဒါဘရီမင်နဲ့ပဲ စွန့်စားသင့်တယ်။

ဖရိုင်းဘတ် နှင့် ဟာသာဘာလင် (မြန်မာစံတော်ချိန် ဇွန် ၁၇ ရက် နံနက် ၁းဝ၀ နာရီ)

ဟာသာဘာလင်အသင်း ရလဒ်တွေကောင်းလာခဲ့ပြီးမှ (၂)ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်လိုက်ရတယ်။ ဖရိုင်းဘတ်က ရပ် တည်မှုပိုမြင့်ပေမယ့် ခြေစွမ်းပိုင်းအရတော့ ဟာသာဘာလင် အမှတ်ရမှာသေချာပါတယ်။

အူန်ယွန်းဘာလင် နှင့် ပါဒါဘွန်း (မြန်မာစံတော်ချိန် ဇွန် ၁၇ ရက် နံနက် ၁းဝ၀ နာရီ)

အူန်ယွန်းဘာလင်အနေနဲ့ ဒီပွဲထပ်အနိုင်ကစားလိုက်ရင် တန်းဆင်းဇုန်က သေချာပေါက်လွတ်မြောက်တော့မှာပါ။ အိမ် ရှင် အနိုင်သေချာပါတယ်။

Most Read

Most Recent