လာလီဂါပွဲစဉ်(၂၉) အကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၂၉) အကြိုသုံးသပ်ချက်
Published 16 June 2020

ဂီတာဖေး နှင့် အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဇွန် ၁၆ ရက် ည ၁၂ နာရီ)

ဂရန်နာဒါကိုအရှုံးပေးခဲ့ရတဲ့ ဂီတာဖေး ဒီပွဲမှာတော့အမှား ခံမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေများနေသေး တဲ့ ဂီတာဖေးအတွက် အက်စ်ပန်ညိုကိုလည်း ခက်ခက်ခဲခဲရင် ဆိုင်ရမှာသေချာတယ်။ တန်းမဆင်းရရေးအားထည့်ရမယ့် အက်စ်ပန်ညိုရဲ့ အဝေးကွင်းကစားအားနဲ့ ဂိုးသွင်းနှုန်းက အား ရစရာမရှိပေမယ့် အခုပွဲမှာတော့ ပိုပြီးအားထုတ်လာနိုင်တာ သတိပြုရမယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

ဗီလာရီးယဲလ် နှင့် မာယော့ကာ (မြန်မာစံတော်ချိန် ဇွန် ၁၆ ရက် ည ၁၂ နာရီ)

ဗီလာရီးယဲလ်မှာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် မျှော်လင့် ချက်ရှိနေသေးတယ်။ ဒါကြောင့် ဗီလာရီးယဲလ် အခွင့်အရေးကို လက်လွတ်ခံမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ မာယော့ကာကလည်း ပွဲတွေမနားခင်မှာ အဝေးကွင်းကစားအားတက်လာသလို တွေ့ ရလို့ အခုလိုပရိသတ်မပါတဲ့ အခြေအနေမျိုးနဲ့ဆိုရင် သူတို့ရဲ့အ ဝေးကွင်းတိုးတက်မှုနှုန်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ မာယော့ကာနဲ့ ဂိုးအများပဲရွေးချင်တယ်။

ဘာစီလိုနာ နှင့် လီဟာနက်စ် (မြန်မာစံတော်ချိန် ဇွန် ၁၇ ရက် နံနက် ၂း၃၀ နာရီ)

တန်းဆင်းဇုန်ထဲက လီဟာနက်စ်ရဲ့ရုန်းအားဘယ်လောက်ထိရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ ပရိသတ်မရှိတဲ့ နူးကမ့်ကွင်းရဲ့ အရှိန်အဝါလျော့နေမှုက လီဟာ နက်စ်ရဲ့ တုံ့ပြန်နိုင်စွမ်းအတွက် အခွင့်အရေးတစ်ခုလိုဖြစ်နေမလားပဲ။ ဘာစီလိုနာကတော့ မာယော့ကာကို ဂိုးပြတ်နိုင်ထားလို့ ယုံကြည်မှုမြင့်နေသလို၊ မက်ဆီရဲ့အကောင်းဆုံးပုံစံကို လည်းတွေ့ခဲ့ရတယ်။ လီဟာနက်စ်ခံကစားနိုင်ပေမယ့် ဘာစီလိုနာနဲ့ ဂိုးအများပဲရွေးမယ်။

Most Read

Most Recent