ကစားသမား (၅)ဦး လူစားလဲခွင့်ပြုသည့်အချက်မှာ အသင်းကြီးများကိုသာ အားသာမှုဖြစ်စေသည်ဟု မီဒီယာများဝေဖန်

ကစားသမား (၅)ဦး လူစားလဲခွင့်ပြုသည့်အချက်မှာ အသင်းကြီးများကိုသာ အားသာမှုဖြစ်စေသည်ဟု မီဒီယာများဝေဖန်
Photos: Getty Images
Photos: Getty Images
Published 16 June 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ဘောလုံးပွဲများ ပြန်လည်စတင်ချိန်တွင် ကစားသမားများ ပွဲပန်းသည့်အခြေအနေရှိနိုင်သည့်အတွက် ကစားသမား (၅)ဦး လူစားလဲခွင့်ပြုသည့်အချက်မှာ အသင်းကြီးများကိုသာ အားသာချက်ဖြစ်စေသည်ဟု မီဒီယာများက ဝေဖန်သုံးသပ်နေကြသည်။

ယခုတစ်ပတ်ပြန်လည်စတင်ခဲ့သည့် လာလီဂါပွဲစဉ်များတွင် မာယော့ကာ-ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်- အီဘာတို့၏ ပွဲစဉ်များပါဝင်ခဲ့ပြီး ယင်း (၄)သင်းစလုံးသည် လူစားလဲလှယ် ခွင့်ကို အပြည့်အဝ အသုံးချခဲ့ကြသည်။

သို့ရာတွင် ကြယ်ပွင့်ကစားသမားများ ပိုမိုများပြားသည့်အသင်းကြီးများသည် နည်းဗျူဟာ ပြောင်းလဲခွင့်၊ ရွေးချယ်ခွင့်များအတွက် ပိုမိုအားသာ ချက်ရယူနိုင်ခဲ့ကြပြီး၊ အရန်ခုံတွင် နာမည်ကျော်ကစားသမားအများအပြား ရှိနေသည့်အသင်းများအတွက် ကစားသမား (၅)ဦး လဲလှယ်ခွင့်ရခြင်းသည် အားသာချက်လည်းဖြစ်လာသည်။

ယင်းပွဲစဉ်များတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့သည့် ကစားသမားများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရို (၃၉၄)သန်းအထိရှိခဲ့ပြီး မာယော့ကာအသင်းနှင့် အီဘာအသင်း တို့ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့သည့် ကစားသမား (၁၀)ဦး၏ စုစုပေါင်း ပြောင်းရွှေ့ကြေးမှာ ယူရို (၇)သန်းသာ ရှိခဲ့သည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent