ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး လူကာယိုဗစ်ကို အငှားခေါ်ရန် အာဆင်နယ် ပစ်မှတ်ထား

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး လူကာယိုဗစ်ကို အငှားခေါ်ရန် အာဆင်နယ် ပစ်မှတ်ထား
Photos: Getty Images
Photos: Getty Images
Published 14 June 2020

အာဆင်နယ်အသင်းသည် လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ စပိန်ကွင်းလယ်လူ စီဘယ်ယို့စ်ကို အငှားခေါ်ယူထားပြီး လာမည့်ရာသီတွင် ယိုဗစ်ကို အငှားခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းသည် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်း၏ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး လူကာယိုဗစ်(၂၂ နှစ်) ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

ယိုဗစ်သည် ယခုရာသီ ရီးယဲလ်မက်ဒရစ်အသင်းတွင် မျှော်မှန်းသလောက် ကစားခွင့်မရခဲ့ဘဲ လာလီဂါပွဲစဉ်(၁၅)ပွဲသာ ကစားခွင့်ရရှိခဲ့သည်။ အာဆင်နယ်အသင်းသည် လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ စပိန်ကွင်းလယ်လူ စီဘယ်ယို့စ်ကို အငှားခေါ်ယူထားပြီး လာမည့်ရာသီတွင် ယိုဗစ်ကို အငှားခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းတွင် အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းမှာ အနာဂတ်တည်ငြိမ်မှုမရှိဘဲ လာမည့်နွေရာသီတွင် အသင်းပြောင်းမည်ဟု သတင်းများထွက်ပေါ်နေ၍ အသင်းတာဝန်ရှိသူများက တိုက်စစ်ကစားသမားများကို ရှာဖွေနေကြောင်းသိရသည်။

Most Read

Most Recent