မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း အေးဆန်း ကွယ်လွန်  

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း အေးဆန်း ကွယ်လွန်  
Photo: Aye San Facebook
Photo: Aye San Facebook
Published 12 June 2020

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းဖြစ်သူ လက်ရှိ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နည်းပြဖြစ်သူ အေးဆန်းသည် ဇွန် ၁၂ ရက် ညနေပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းဖြစ်သူ လက်ရှိ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နည်းပြဖြစ်သူ အေးဆန်းသည် ဇွန် ၁၂ ရက် ညနေပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။

အေးဆန်းသည် ထားဝယ်မြို့သို့ အလည်သွားရာမှ ယနေ့ညနေပိုင်းတွင် သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံးသွားခြင်းဖြစ်ပြီး အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)မှ တာဝန်ရှိသူကလည်း သေဆုံးမှုမှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

အေးဆန်းသည် ဘောလုံးသမားဘဝမှ အနားယူပြီးနောက်ပိုင်းတွင် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တွင် နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

အေးဆန်းသည် မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ကာလအတန်ကြာ ရွေးချယ်ခံရပြီး ၂၀၀၇ ထိုင်းဆီးဂိမ်းစ်ငွေတံဆိပ်ဆုရ မြန်မာအသင်းတွင် ပါဝင်ခဲ့သလို ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာအသင်း၏ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ အေးဆန်းသည် ပရော်ဖက်ရှင်နယ်စနစ်ကူးပြောင်းပြီးနောက်ပိုင်းတွင် KBZ (ယခုရှမ်းယူနိုက်တက်) နှင့် နေပြည်တော် စသည့်အသင်းများတွင် ပါဝင်ကစားခဲ့သည်။

 

Most Read

Most Recent