နှစ်လကျော်လေ့ကျင့်မှုရပ်နားထား၍ ပုံမှန်ကြံ့ခိုင်မှုပြန်ရရန် သုံးပတ်ဝန်းကျင် အချိန်ယူရမည်ဟု ဟံသာဝတီအသင်းအုပ်ချုပ်သူ သုံးသပ်ပြောကြား

နှစ်လကျော်လေ့ကျင့်မှုရပ်နားထား၍ ပုံမှန်ကြံ့ခိုင်မှုပြန်ရရန် သုံးပတ်ဝန်းကျင် အချိန်ယူရမည်ဟု ဟံသာဝတီအသင်းအုပ်ချုပ်သူ သုံးသပ်ပြောကြား
Photo: EMG
Photo: EMG
Published 10 June 2020

MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများအားလုံးကို မတ် ၂၄ ရက်ကတည်းက ရပ်နားထားပြီး မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအနက် ဟံသာဝတီအသင်းက အစောဆုံးပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် မေ ၂၆ ရက် မှစတင်ကာ လေးဦးတစ်အုပ်စုစီခွဲကာ ကြံ့ခိုင်မှုများ စစ်ဆေးလျက်ရှိပြီး ယခုလတွင် ကစားသမားအစုံအလင်နီးပါး ပြန်လည်လေ့ကျင့်လျက်ရှိသည်။ 

 

ဟံသာဝတီယူနိုက်တက်အသင်း အုပ်ချုပ်သူဦးထွန်းထွန်းလင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်မှုနှစ်လကျော် ရပ်နားခဲ့ရာ ပုံမှန်ကြံ့ခိုင်မှုရရန် သုံးပတ်ဝန်းကျင် အချိန်ယူရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

MNL ပြိုင်ပွဲအပါအဝင် ပြည်တွင်းပြိုင်ပွဲများအားလုံးကို မတ် ၂၄ ရက်ကတည်းက ရပ်နားထားပြီး မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းများအနက် ဟံသာဝတီအသင်းက အစောဆုံးပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် မေ ၂၆ ရက် မှစတင်ကာ လေးဦးတစ်အုပ်စုစီခွဲကာ ကြံ့ခိုင်မှုများ စစ်ဆေးလျက်ရှိပြီး ယခုလတွင် ကစားသမားအစုံအလင်နီးပါး ပြန်လည်လေ့ကျင့်လျက်ရှိသည်။ 

"ကစားသမားတွေက လေ့ကျင့်မှုရပ်နားလိုက်တာ တော်တော်ကြာသွားတဲ့အတွက် ကြံ့ခိုင်မှုအပိုင်းမှာ တော်တော်အားနည်းသွားပါတယ်။ ကျွန်တော်တို့အသင်းက ကြံ့ခိုင်မှုစစ်ဆေးတာ နှစ်ပတ်ဝန်းကျင်ရှိပါပြီ။ ပုံမှန်ကြံ့ခိုင်မှု အနေအထားပြန်ရအောင် တော်တော်လုပ်ယူနေရပါတယ်။ သုံးပတ်လောက်မှ ပုံမှန်အနေအထားပြန်ရမှာပါ။ အသင်းလိုက်လေ့ကျင့်ဖို့ကတော့ သက်ဆိုင်ရာက ခွင့်ပြုတဲ့အချိန်မှ လုပ်လို့ရမှာပါ။ လောလောဆယ်တော့ ကစားသမားတွေရဲ့ ကြံ့ခိုင် မှုအပိုင်း ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်နေပါတယ်" ဟု အုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့်စည်းမျဉ်းအတိုင်း  အုပ်စုငယ်များခွဲကာ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး အသင်းလိုက်လေ့ကျင့်ခွင့်မရသေးသောကြောင့် ကြံ့ခိုင်မှုအပိုင်းကိုသာ ဦးစားပေးလေ့ကျင့်နေခြင်းဖြစ်သည်။ အခြား MNL ကလပ်အသင်းများမှာမူ လေ့ကျင့်ခြင်းမရှိသေးဘဲ ပြိုင်ပွဲကာလ သတ်မှတ်ပြီးမှသာ လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။