နယူးကာဆယ်အသင်းအား ဝယ်ယူမှု မပျက်ပြယ်စေရန်အတွက် ကာတာရုပ်သံနှင့် ငြိမ်းချမ်းရေးရယူရန် ဆော်ဒီတာဝန်ရှိသူများ ကြိုးပမ်းနေ

နယူးကာဆယ်အသင်းအား ဝယ်ယူမှု မပျက်ပြယ်စေရန်အတွက် ကာတာရုပ်သံနှင့် ငြိမ်းချမ်းရေးရယူရန် ဆော်ဒီတာဝန်ရှိသူများ ကြိုးပမ်းနေ
Published 9 June 2020

နယူးကာဆယ်အသင်းအား ဝယ်ယူရန် အဓိကကြိုးပမ်းနေသော ဆော်ဒီမင်းသားတစ်ဦးဖြစ်သည် ယာဆာအော့မန်အယ်လ်ရူမေယန်သည်  ကာတာရုပ်သံ beIN Sports နှင့် ဆက်သွယ်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ယာဆာအော့မန်အယ်လ်ရူမေယန်

ဆော်ဒီအခြေစိုက်ရုပ်သံကုမ္ပဏီဖြစ်သော beoutQ သည် beIN Sports မှ ထုတ်လွှင့်သော အားကစားပြိုင်ပွဲများကို ရုပ်သံမူပိုင်ခွင့်ချိုးဖောက်ကာ ခိုးယူပြီး ဆော်ဒီအာရေဗျနိုင်ငံ၌ ပြန်လည်ပြသလျက်ရှိသဖြင့် beIN Sports ရုပ်သံက ယင်းအချက်ကို ထောက်ပြပြီး နယူးကာဆယ်အသင်း အရောင်းအဝယ်မဖြစ်ပေါ်စေရန် ကြိုးပမ်းလျက်ရှိနေသည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ရုပ်သံမူပိုင်ခွင့် ချိုးဖောက်မှုများကြောင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် နယူးကာဆယ်အသင်းအရောင်းအဝယ်အား တားဆီးသင့်ကြောင်း beIN Sports ရုပ်သံက တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

နယူးကာဆယ်အသင်းကို ဝယ်ယူရန်ကြိုးပမ်းနေသည့် အကျိုးတူစီးပွားရေးအဖွဲ့က beoutQ ရုပ်သံနှင့် မိမိတို့ ဆက်နွှယ်ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့သော်လည်း နယူးကာ ဆယ်အသင်းတွင် ဥက္ကဋ္ဌဖြစ်လာဖွယ်ရှိသည့် အယ်လ်ရူမေယန်က beIN Sports ရုပ်သံနှင့် အဆင်ပြေစေရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ကာတာနိုင်ငံနှင့် ဆော်ဒီနိုင်ငံသည် နိုင်ငံရေးအရတင်းမာမှုများရှိနေပြီး ကာတာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့ခဲ့သည်ဟု ဆော်ဒီအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့က စွပ်စွဲထားသည်။

 

Most Read

Most Recent